ပထမဆုံး 5G စမတ်ဖုန်းတစ်ခု ဖြစ်လာနိုင်တဲ့ HTC U12

အရည်အသွေး အထူးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်လေ့ရှိတဲ့ HTC ဟာ မကြာသေးမီက ထိုင်ဝမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ industry Event မှာ ၄င်းတို့ ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်တဲ့ HTC U12 စမတ်ဖုန်းအသစ်ကို ပြသလိုက်ပြီလို့ သိရပါတယ်။
 
အဆိုပါ စမတ်ဖုန်းဟာ ယခင်နှစ်က ပြသခဲ့ပြီး ဖြစ်တဲ့ HTC U11 စမတ်ဖုန်းနဲ့ တူသယောင်ရှိပြီး Display ပိုင်းမှာလည်း 18:9 ပြန်လည် ပါဝင်လာကာ ဘေးဘောင်တွေ ပိုထူလာတာကို တွေ့ရပါတယ်။ HTC 12 စမတ်ဖုန်းအတွက် အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားထားခြင်း မရှိခဲ့ပေမယ့် အဆိုပါဖုန်းဟာ 6" 1440x2880 Piexl Super LCD6 ကို အသုံးပြုထားတာဖြစ်ပြီး CPU ကိုတော့ Qualcomm Snapdragon 845 အမျိုးအစား အသုံးပြုလာဖွယရှိကာ RAM 6G အထိ ပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အဆိုပါဖုန်းမှာ IP 68 ပါဝင်လာမှာ ဖြစ်ပြီး ရေစိုခံနိုင်မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
 
HTC ဟာ အဆိုပါ Event မှာ Qualcomm Snapdragon 845 CPU မှာ ပါဝင်တဲ့ Qualcomm X20 LTE Modem ကို အသုံးပြုပြီး download Speed 809.58 Mbps အထိရောက်ရှိနိုင်တာကို ပြသနိုင်ခဲတာကြောင့် ပညာရှင်များစွာက ပထမဦးဆုံး 5G စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
 
အဆိုပါ Event မှာ ပြသသွားခဲ့တဲ့ HTC U12 ရဲ့ Downlaod Speed ဟာ LTE+ အတွက်သာဖြစ်ပေမယ့် 5G မဟုတ်တာတောင် အခုလို သုံးစွဲသူတွေ ကျေနပ်နိုင်လောက်တဲ့အထိ Download Speed ကောင်းလွန်းနေတာ ကလည်း 5G စမတ်ဖုန်းကို မြင်တွေ့နိုင်ဖို့ အတွက် အံ့သြဖွယ်ရာကောင်းတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။
 
Ref: TrustReview
The Ladies News
 

 

Vote: 
No votes yet

Add new comment