ရုဒ်ဗန်နစ္စတယ်ရွိုင်း ဘာကြောင့် စီရိုနယ်လ်ဒိုနဲ့ တွဲမကစားချင်ခဲ့တာလည်း ဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ၀ိန်းရွန်းနီ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း ဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က စီရိုနယ်လ်ဒို နဲ့ ဘာကြောင့် တွဲမကစားချင်ခဲ့တာလည်း ဆိုတာကို ၀ိန်းရွန်းနီက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
 
ဝိန်းရွန်းနီဟာ ၂၀၀၄ ခုနှစ်က ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့ တာဖြစ်ပြီး အဆိုပါအချိန်က အသင်းမှာ ရောက်ရှိနေကြပြီး ဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒို နဲ့ နယ်သာလန် တိုက်စစ်မှူး နစ္စတယ်ရွိုင်းတို့အကြား အဆင်မပြေမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်က ယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းစက်လို့ တင်စားခေါ်ဝေါ်ခြင်း ခံရသူ နစ္စတယ်ရွိုင်းဟာ လေ့ကျင့်ရေးကွင်းမှာ စီရိုနယ်လ်ဒိုနဲ့ စကားများဖူးပြီး လက်ထောက်နည်းပြ ကားလို့စ်ကွီးရော့ က ၀င်ရောက် ဖြန်ဖြေပေးခဲ့ရဖူးတယ် လို့လည်း သိရပါတယ်။ ထိုအကြောင်းတွေကို စုံလင်စွာ သိရှိခဲ့ရတဲ့ ၀ိန်းရွန်းနီက SkySport ကတင်ဆက်တဲ့ အစီစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး နစ္စတယ်ရွိုင်း ဘာကြောင့် စီရိုနယ်လ်ဒိုနဲ့ တွဲဖက်မကစားချင်တာလဲ ဆိုတာကို အခုလို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
 
"အဲဒီတုန်းက ကျွန်တော်ရော စီရိုနယ်လ်ဒိုပါ အသင်းမှာရှိတဲ့ ၀ါရင့်ကစားသမားတွေနဲ့ သိပ်အဆင်မပြေခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က ယူနိုက်တက်ရဲ့ အားထားရတဲ့ ကစားသမားအဆင့်ကို ရောက်လာဖို့ အပြင်းအထန် တိုက်ပွဲဝင်နေကြရတဲ့ အချိန်ဖြစ်နေလို့ပါပဲ။ ရိုနယ်လ်ဒိုဆိုရင် သူအခုရရှိနေတဲ့ ခြေစွမ်းမျိုး ၂၀၀၄ ခုနှစ် လောက်က မရှိခဲ့ပါဘူး။ ရုဒ်ဘာလို့ စီရိုနယ်လ်ဒိုနဲ့ တွဲမကစားချင်တာလဲ ဆိုတော့ သူက ဘောလုံးကို ဖြန့်ဝေပြီးမှ ဂိုးဧရိယာအတွင်း အဆုံးသတ်ဖို့ ကြိုးစားတဲ့သူပါ။ ရုဒ်ဘောလုံးရရင် သူက ဂစ်ကို ဖြစ်ဖြစ်၊ ဘက်ခမ်းကို ဖြစ်ဖြစ် ပေးလိုက်တယ်။ ပြီးမှ အဆုံးသတ်ဖို့ ကြိုးစားတာပါ။ စီရိုနယ်လ်ဒိုက ကျတော့ သူနဲ့လုံးဝမတူပါဘူး။ သူ့ရဲ့ ကစားဟန်က အပေးအယူသိပ်မရှိဘဲ တစ်ကိုယ်တော် အစွမ်းနဲ့ ထိုးဖောက်ချင်တယ်။ အခြေအနေ မကောင်းရင် နောက်ကို ပြန်ပေးပြီး နောက်တစ်ခေါက် ထပ်ဖောက်ဖို့ ကြိုးစားတယ်။ အဲ့ဒါတွေက ရုဒ်နဲ့ အဆင်မပြေဖြစ်ရတဲ့ အဓိက အကြောင်းအရင်းပါပဲ" လို့ ၀န်းရွန်းနီက ပြောပြသွားခဲ့ပါတယ်။
 
ဆက်လက်ပြီး ၀ိန်းရွန်းနီက နယ်သာလန်တိုက်စစ်မှူးကြီးဟာ သူနဲ့တွဲဖက်ကစားဖူးသမျှ ကစားသမားထဲမှာ အဆုံးသတ်စွမ်းရည် အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အဆိုပါကစားသမား အသင်းက ထွက်ခွာခဲ့မှုဟာလည်း ဘယ်သူ့ပယောဂမှ မပါဝင်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
 
Ref: Mirror
The ladies News
 

 

Vote: 
Average: 4.5 (2 votes)

Add new comment