စီရိုနယ်လ်ဒိုထက် မက်ဆီကို ထိန်းရတာပိုခက်တယ်လို့ ဆိုလိုက်တဲ့ သီယာဂိုဆေးဗား

ပီအက်စ်ဂျီအသင်းရဲ့ နောက်ခံလူ သီယာဂိုဆေးဗားက ၄င်းအနေဖြင့် စီရိုနယ်လ်ဒိုကို ထိန်းရတာထက် မက်ဆီကပိုပြီး ခက်ခဲတယ်လို့ ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲ မတိုင်မီမှာ အသင်းရဲ့ နောက်ခံလူ သီယာဂိုဆေးဗားက မက်ဆီနဲ့ စီရိုနယ်လ်ဒိုအကြား ၄င်းရဲ့အမြင်ကို နှိုင်းယှဉ် ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။
 
ဆေးဗားက "မက်ဆီကို ထိန်းရတာဟာ စီရိုနယ်လ်ဒိုထက် ပိုပြီးခက်ခဲပါတယ်။ မက်စီနဲ့ သူ့ကြားမှာ နည်းနည်းလေး ကွာခြားချက် ရှိနေပါတယ်။ အဲ့ဒါက ဘောလုံးကိုင်ကစားတဲ့ နေရာနဲ့ တစ်ယောက်ချင်း ဖြတ်ကျော်တဲ့ အပိုင်းမှာ မက်ဆီက ထိန်းရတာ ပိုခက်ပါတယ်။ ပြီးတော့ မက်ဆီရဲ့ အပေးအယူ (One-Two) ကို ထိန်းချုပ်ရတာလည်း စီရိုနယ်လ်ဒိုထက် ပိုပြီးခက်ခဲပါတယ်" လို့ Leo 10 Sport ရဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ယခုနှစ်ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲပေါင်း ၁၇ ပွဲ ပါဝင်ကစားပေးထားပြီး ၈ ဂိုး သွင်းယူယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
 
Ref: Goal.com
the ladies News
 

 

Vote: 
No votes yet

Add new comment