ဘာစီလိုနာအတွက် ပထမဆုံးသွင်းဂိုးနဲ့အတူ ကိုပါဒယ်ရေ ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ ကော်တင်ဟို

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ကော်တင်ဟိုဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗလင်စီယာ အသင်းနဲ့ ပွဲစဉ်မှာ ၄င်းရဲ့ သွင်းဂိုးနဲ့အတူ အသင်းဟာ ကိုပါဒယ်ရေး ဖလား ဖိုင်နယ်ကို တက် လှမ်းနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကမှ လီဗာပူးလ် အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ရောက်ရှိ လာခဲ့တာဖြစ်ပြီး မနေ့ညက ပွဲစဉ်မှာ ဘာစီလိုနာ အသင်းအတွက် လူစားဝင်ရောက်ခဲ့ပြီးနောက် ၄င်းရဲ့ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲအတွက် ဒုတိယမြောက် သွင်းဂိုးကိုတော့ ရာကီတစ်က သွင်းယူပေးနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းဟာ ၂ ကျော့ပေါင်း ၃-၀ ရလဒ်ဖြင့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
အဆိုပါပွဲနဲ့ပတ်သက်ပြီး ကော်တင်ဟိုက " ကျွန်တော့်အတွက် အရမ်းကို ပျော်စရာကောင်းတဲ့  နေ့တစ်နေ့ပါပဲ။ ကျွန်တော် ပြီးခဲ့တဲ့ ပွဲစဉ်တွေကတည်းက အသင်းအတွက် ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီနေ့မှာတော့ ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။ ဘာစီလိုနာအသင်းကို ဖိုင်နယ်ရောက်အောင် ကူညီခွင့်ရတဲ့ အတွက်လည်း ကျွန်တော် ၀မ်းသာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
 
ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ် အတွက်လည်း ကော်တင်ဟိုက အခုလို သုံးသပ်ပြောကြားထားပါတယ်။ "ဆီဗီလာနဲ့ ပွဲဟာ ကြီးကျယ်ခမ်းနားတဲ့
ပွဲတစ်ပွဲ ဖြစ်လာမယ့်အပြင် ကျွန်တော်တို့အတွက် အလွန်ခက်ခဲမယ့် ပွဲတစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားမှာပါ။ တကယ့်ကို ခမ်းနားမယ့် ပွဲတစ်ပွဲဖြစ်ပြီး ကျွန်တော့်အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်" လို့ သုံးသပ်ပြောကြားထားပါတယ်။
 
Ref:goal.com
The Ladies News
 

 

Vote: 
No votes yet

Add new comment