အများပြည်သူမည်သူမဆို တရားခံပြေး အောင်ဝင်းခိုင်အား တွေ့သည့် နေရာတွင် ဖမ်းဆီးနိုင်ကြောင်း တရားရုံးကကြေညာ

အများပြည်သူ မည်သူမဆို တရားခံပြေး အောင်ဝင်းခိုင်အား တွေ့သည့် နေရာတွင် ဖမ်းဆီးကာ နီးစပ်ရာ ရဲစခန်း သို့မဟုတ် အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုထံသို့ အပ်နှံနိုင်ကြောင်းကို ရန်ကုန်မြေက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးနေသော ၄၃ ကြိမ်မြောက် ရုံးချိန်းတွင် အထူးခုံရုံးက ကြေညာလိုက်ကြောင်း တရားလိုရှေ့နေ တစ်ဦးဖြစ်သူ ဦးခင်မောင်ဌေးက ပြောကြားသည်။
 
အောင်ဝင်းခိုင်းအား ကျင့်ထုံးပုဒ်မ ၈၇ အရ ရဲတပ်ဖွဲ့မှ ဖမ်းဆီး၍မရနိုင် သည့်အတွက် တရားပြေးအဖြစ် ကျင့်ထုံးပုဒ်မ ၈၈ ဖြင့် ကြေညာကာ ၈၈ နှင့် ပတ်သက်သည့် ကိစ္စများကို တရားရုံးက ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပြီး ၈၈ အရ တရားခံပြေးအဖြစ် ကြေညာလိုက်သည့်အတွက် အောင်ဝင်းခိုင်အား အများပြည်သူ မည်သူမဆို တွေ့သည့်နေရာတွင် ဖမ်းဆီးနိုင်သည်ဟု ၄င်းကပြောကြားသည်။
 
`ကိုအောင်ဝင်းခိုင်ကို ဖမ်းမိဖို့ထုတ်ထားက ကျင့်ထုံးပုဒ်မ ၈၇ အရ ရဲတပ်ဖွဲ့ကနေပြီး ဖမ်းဆီးပြီး တင်ပို့ဖို့အတွက်ကို ထုတ်ထားတဲ့ ကိစ္စပါ။ အခု အဲဒီနဲ့ပတ်သက်ပြီးတော့ ၀ရမ်းပြန်သွင်းဖို့ အတွက် တစ်လ အချိန်ပေးပြီး အမိန့်ချလိုက်ပါပြီ။ တစ်ပြိုင်နက်တည်းမှာပဲ ကျင့်ထုံးပုဒ်မ ၈၇ အရ ရဲတပ်ဖွဲ့ဖမ်းဆီးလို့ မရနိုင်တဲ့အတွက် တရားခံပြေးအနေနဲ့ ၈၈ နဲ့ ကြေညာပါတယ်။ ၈၈ နဲ့ ပတ်သက်တဲ့ကိစ္စတွ တရားရုံးက ဆက်လက် ဆောင်ရွက်မှာပါ။ ၈၈ အရ တရားခံပြေးလို့ ကြေညာလိုက်တဲ့အတွက် ကိုအောင်ဝင်းခိုင်ကို အများပြည်သူ မည်သူမဆို တွေ့တဲ့နေရာမှာ ဖမ်းဆီးပြီးတော့ သက်ဆိုင်ရာ တရားရုံးကို သို့မဟုတ် သက်ဆိုင်ရာ တရားဥပဒေစိုမိုးမှုကို ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ကို သို့မဟုတ် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ဘယ်သူမဆို ဖမ်းဆီးပို့ဆောင်နိုင်တဲ့ အခွင့်အရေးရသွားပါပြီ` ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။
 
ကျင့်ထုံးပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ် ကြေညာလိုက်သည့်အတွက် တရားခံပြေးနှင့် ပတ်သက်သည့် ကိစ္စများကို တစ်လအချိန်ယူ ဆောင်ရွက်မည် ဆိုသည့်အကြောင်းကို တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
 
`ဒီနေ့ ကျင့်ထုံးပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ်နဲ့ ကြေညာပြီးတော့ အဲဒီတရားခံပြေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ အတွက်ကို တစ်လ သူတို့အချိန်ယူ ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းတော့ တရားသူကြီးအဖွဲ့က ဆုံးဖြတ်သွားပါပြီ၊ ဒါကြောင့် ၈၇ ရဲတပ်ဖွဲ့က ဖမ်းဆီးမယ့်အနေအထားက လွန်မြောက်သွားပြီး ၈၈ အရ အများပြည်သူ မည်သူမဆို ကိုအောင်ဝင်းခိုင်ကို တွေ့တဲ့နေရာမှာ တရားရုံးရဲ့ ကြေညာချက်အရ ၀ရမ်းဖြစ်နေတဲ့အတွက် ဖမ်းဆီးပြီးတော့ နီးရာတရားရုံး သို့မဟုတ် တရားဥပဒေ စိုးမိုးမှု ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ သို့မဟုတ် အုပ်ချုပ်ရေး အဖွဲ့အစည်း ဘယ်သူ့ကိုမဆို ဖမ်းဆီးပြီးတော့ ပို့အပ်လို့ရပါပြီ ဆိုတဲ့အကြောင်း ဒီနေ့ပြောပါတယ်` ဟု ဦခင်းမောင်ဌေးက ပြောကြားသည်။
 
ထို့အပြင် တရားခံပြေးအောင်ဝင်းခိုင်ကိုလည်း ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျောဖြိုး တို့အား စွဲချက် တင်ရန် အမိန့်ချမှတ်ထာသည် ၃၁၂ (၁) ခ/၃၂ ဖြင့် ငြိစွန်းနေသည်ဟု သတ်မှတ်ကာ ယင်းပုဒ်မဖြင့် စွဲချက် တင်သည့် အမိန့် ချမှတ်ခဲ့သည်ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။
 
တရားခံပြေး အောင်ဝင်းခိုင်သည် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံပြီး နောက်တစ်နေ့ဖြစ်သည့် ၂၀၁၇၊ ဇန်န၀ါရီလ ၃၀ ရက်နေ့က နေပြည်တော်ရှိ ပရဆေးဥယျာဉ်အနီးတွင် ခြေရာပျောက်သွားခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment