ကွမ်းခြံကုန်းမြို့နယ်တွင် လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း ပြည်သူ့စကားဝိုင်း ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာ ခန်းမဆောင် တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၉ နာရီ မှ ၁၁ နာရီအထိ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
 
ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲတွင် ဦးကျော်ထွေး (ဥက္ကဋ္ဌ၊ ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ ကော်မတီ၊ အမျိုးသားလွှတ်တော်)၊ ဦးနေဘုန်းလတ် (အမှတ်-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ သင်္ဃန်းကျွန်းမြို့နယ်)၊ ဦးမျိုးမင်း-Founder (PS Business School)၊ ဆရာ ဦးဇာနည်တင်(MCT)-(CMD, Z&S Education Services Company)၊ (Moderator) တို့က လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်အောက်တွင် ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ စိတ်ပါဝင်စားသူ ပြည်သူများ၊ လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment