ဟက်ဒါဖီးလ်အနေဖြင့် ဆန်းချက်စ်ကို တားဆီးနိုင်ဖို့အတွက် ပြစ်ဒဏ် ကျူးလွန်ဖို့ ၀န်လေးနေမှာ မဟုတ်ကြောင်း နည်းပြ၀က်ဂ်နာ ၀န်ခံပြောကြား

ဟက်ဒါဖီးလ်တောင်း အသင်းရဲ့ နည်းပြဖြစ်သူ ဒေးဗစ်ဝက်ဂ်နာက ၄င်းတို့ အနေဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ် အလက်ဆစ်ဆန်းချက်စ်ကို တားဆီးနိုင်ဖို့ အတွက် ဘယ်လို နည်းလမ်း မျိုးကိုမဆို အသုံးပြုသွားမှာ ဖြစ်ပြီး လိုအပ်ပါက ပြစ်ဒဏ်ကျူးလွန်ဖို့လည်း ၀န်လေးနေမှာ မဟုတ်ဘူးလို့ ၀န်ခံပြောကြားလိုက်ပါတယ်။ ဟက်ဒါဖီးလ်အသင်းဟာ ယခုနှစ်ရာသီ အစပိုင်းမှာ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့စဉ်က မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက် တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်စ်ရဲ့ ခြေစွမ်းပြ သွင်းဂိုးနဲ့အတူ အိုးထရက်ဖို့ဒ်မှာ ပြန်လည် ရှုံးနိမ့်ခဲ့ရပါတယ်။
 
အဆိုပါပွဲစဉ်မှာ ဟက်ဒါဖီးလ်ကစားသမားတွေဟာ အလက်ဆစ်ကို တားဆီးဖို့ ပြစ်ဒဏ်တွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြပြီး ၄င်းတို့ အဆိုပါကစားသမားကို ကျူးလွန်ခဲ့မှုဟာ ၇ ကြိမ်အထိ ရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းကို အများဆုံး ခံခဲ့ရတဲ့ ဆန်းချက်စ်ဟာ ပွဲစဉ်တစ်ပွဲအတွင်း ပြစ်ဒဏ်အများဆုံး ကျူးလွန်ခံရသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
 
နည်းပြကြီးဝက်ဂ်နာ ကိုင်တွယ်နေတဲ့ ဟက်ဒါဖီးလ်အသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ FA ဖလား Fifth Round ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပြီး ၄င်းဟာ ယခင် အနိုင်ရရှိတုန်းက ပွဲစဉ်လို စိတ်ဓာတ်ခွန်အားတွေကို ပြန်လည်မွေးမြူပြီး ရင်ဆိုင်ကစားသွားမှာ ဖြစ်တယ်လို့ လည်း ပြောကြားထားပါတယ်။
 
ဒါ့အပြင် ယခုလက်ရှိ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူးဆန်းချက်စ်ကို ရပ်တန့်နိုင်အောင် နည်းလမ်းမျိုးစုံ အသုံးပြုသွားမှာဖြစ်ပြီး လိုအပ်ပါက ပြစ်ဒဏ်ဘောတွေ ကျူးလွန်ရဖို့လည်း ၀န်လေးနေမှာ မဟုတ်ကြောင်းကိုလည်း အခုလို ပြောကြားထားပါတယ်။ "တကယ်လို့ အဲဒီပွဲမှာ ဆန်းချက်စ်ပါလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ တားဆီးဖို့ ကြိုးစားမှာပါ။ တကယ်လို့သူက အရမ်းမြန်နေခဲ့ရင်လည်း ကျွန်တော်တို့သူ့ကို
ပြစ်ဒဏ်ကျူးလွန်သင့်ရင် ကျူးလွန်သွားမှာပါ။ ကျွန်တော်တို့လည်း ဒီလိုမကစားချင်ပါဘူး။ ဒါပေမယ့် အဲ့လိုဖြစ်လာအောင် အကြောင်းဖန်လာခဲ့ရင်တော့ ကျွန်တော်တို့မှာလည်း ရွေးချယ်စရာလမ်းမရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
 
Ref: Mirror
The Ladies News
 

 

Vote: 
No votes yet

Add new comment