ကလေးဝမြို့၌ လေးတန်းကျောင်းသားသုံးဦးက ကောက်ယူခဲ့သည့် ဒီတိုနေတာကို ဓာတ်ခဲဖြင့်တို့ထိစဉ် ပေါက်ကွဲမှုဖြစ်ပွား၊ ၃ ဦးလုံး ဒဏ်ရာရ

ကလေးဝမြို့တွင် ကျောင်းသားသုံးဦးက ၄င်းတို့ကောက်ယူခဲ့သည့် ဒီတိုနေတာကို ဓာတ်ခဲဖြင့်တို့ထိစဉ် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ သုံးဦးစလုံး ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက် ၉း၁၅ တွင် ကလေးဝမြို့၊ အ.လ.က(၂)မှ ဟန်နိုင်စိုး၊ (၁၀)နှစ် ၄ တန်း၊ စိုင်းခန့်(၁၀) နှစ် ၄ တန်းနှင့် မင်းသန့်ကောင်း၊ (၁၀)နှစ် ၄ တန်းတို့ ၃ ဦးသည် ကလေးဝမြို့၊ (၂)ရပ်ကွက်ရှိ လူမနေသော ဒေသအခေါ် ဝင်းညီနောင်တိုက်ရှေ့ လမ်းဘေးမြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်ကစားရာမှ တွေ့ရှိသော ဝါယာကြိုးစများ ပါရှိသည့် အချင်းခဲတံလုံးခန့်၊ အရှည် ၂ လက်မ ခန့်ရှိ ဒီတိုနေတာ ၁ ခုအား တွေ့ရှိကောက်ယူခဲ့ပြီး ဟန်နိုင်စိုး၏အဘွားဖြစ်သူ ဒေါ်အဲရီ၏ နေအိမ်ခြံဝင်းအတွင်းရှိ တောင်ကုန်းပေါ်၌ စိုင်းခန့်သည် ၎င်းတို့ကောက်ယူခဲ့သော ဒီတိုနေတာ၏ ဝါယာစအား ဒေါ်အဲရီနေအိမ်အတွင်းမှ တွေ့ရှိသော INARR တံဆိပ် (1.5)V ဓါတ်ခဲအသေး ၄ လုံးပါကဒ်မှ ဓာတ်ခဲ ၁ လုံးဖြင့် တို့ထိကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ ပေါက်ကွဲမှုကြောင့် ဟန်နိုင်စိုး ပါ ၃ ဦးတွင် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကလေးဝမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment