တိုက်ပွဲများလျှော့ချရေးအတွက် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA/KIO) ဆွေးနွေး

ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရေး အတွက် ကချင်လက်နက်ကိုင်အဖွဲ့ KIO ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ဗဟိုကော်မတီဝင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန်၏ ကြားဝင်စေ့စပ် ကူညီဆောင် ရွက်ပေးမှုကြောင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါလ ၁ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း KIO မှ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတပြန်ကြေညာခဲ့သည်။
 
KIO အဖွဲ့က လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကိစ္စများအပါအ၀င် ဒေသ တွင်း တည်ငြိမ်ရေး၊ တိုက်ပွဲများ လျှော့ချရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာ တွင် အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ် ပင်လုံကတိက၀တ်နှင့်အညီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အလေးထားဆွေးနွေး ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
မြန်မာ့တပ်မတော်ဘက်က ဆွေးနွေးရာတွင် KIA တပ်ရင်း ၁၄ ဌာနချုပ် အပါအ၀င် KIA တပ်စခန်းများ ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာများတည်ရှိမှုကို အသိမှတ်မပြုနိုင်ကြောင်း ဖိအားပေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
 
ဤတွေ့ဆုံမှုသည် KIO ဗဟိုနှင့် မြန်မာတပ်မတော်တို့၏ သီးခြား တွေ့ဆုံ သည့် ပထမဦးဆုံး ဆွေးနွေးပွဲဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ကတိက၀တ်ပြုသည့် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ထပ်မံ တွေ့ဆုံဆွေးနွေးသွားကြရန် နှစ်ဦးနှစ်ဖက်စလုံးက သဘောဆန္ဒရှိကြောင်း ပြောဆိုခဲ့ကြသည်ဟု ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြပါရှိသည်။
 
တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့သည် ၂၀၁၁ ခုနှစ်မှစတင်က ကချင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူ တစ်သိန်းကျော်သည် နေရပ်စွန့်ခဲ့ရကာ စစ်ဘေးရှောင်များ အဖြစ် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။
 
လက်ရှိအခြေအနေတွင် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် KIA တို့သည် ကချင်ပြည်နယ်ရှိ တနိုင်းဒေသနှင့် ဆွမ်ပရာဘွန်ဒေသများတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ထောင်နှင့်ချီသည့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ ယခုရက်ပိုင်းအတောအတွင်း၌ ဒေသတွင်း နေရာ တော်တော်များများတွင် တိုက်ပွဲများ ငြိမ်သက်သွားပြီဖြစ်ပေမယ့် တနိုင်းမြို့နယ်အတွင်းမှာတော့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
 
Photo - KIA - FB
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment