စိုးမြတ်သူဇာပေးတဲ့ လက်ဆောင်ကြောင့် ပျော်ရွှင်နေတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်

ဟာသသရုပ်ဆောင် ပရိသတ်အချစ်တော် ဒိန်းဒေါင် တစ်ယောက်ကတော့ မကြီးစိုးပေးတဲ့ လက်ဆောင်ကြောင့် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ၀ါရင့်သရုပ်ဆောင် တစ်ဦးဖြစ်သူ အကယ်ဒမီ စိုးမြတ်သူဇာက သူ့ရဲ့ မွေးနေ့လက်ဆောင်အဖြစ် Alexandre Christie နာရီလေးတစ်လုံး လက်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပြီး လက်ဆောင်ရရှိခဲ့တဲ့ အတွက် ပျော်ရွှင်နေမိကြောင်းကို ဒိန်းဒေါင်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ စိုးမြတ်သူဇာနဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ အခုလို ရေးသား ဖော်ပြထားပါတယ်။
 
"ပျော်လိုက်တာဗျာ။ ကျွန်တော့်အချစ်ဆုံး မကြီးစိုးရဲ့ မွေးနေ့လက်ဆောင်တဲ့ .." ဆိုပြီး သူချစ်ရတဲ့ ပရိသတ်တွေကို မျှဝေထားတာ ဖြစ်ပါတယ်။ အဆိုပါပို့စ်ရဲ့ အောက်မှာလည်း သူ့ရဲ့ အနုပညာ ညီအစ်ကိုမောင်နှမများက ကြည်နူးဖွယ်
စနောက်ထားတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် ဇာတ်ပို့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ရဲ့ အသက် ၄၄ နှစ်ပြည့် မွေးနေ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကျရောက်ခဲ့တာဖြစ်ပြီး မွေးနေ့ရက်မြတ်မှာ မိခင်ကို ပတ္တမြား နားကပ်တစ်ရံ ကန်တော့ခဲ့ပြီး သူငယ်ချင်းများနဲ့လည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
 
ဒိန်းဒေါင်ဟာ သူ့ရဲ့ သဘာဝကျကျ မြင်သာထင်သာ ရှိတဲ့ ပြက်လုံးအသစ်အဆန်းတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးများမှာလည်း ဇာတ်ပို့၊ ဇာတ်ရံ အဖြစ် ပါဝင်သရုပ်ဆောင်နေရပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
Average: 4 (1 vote)

Add new comment