နေခြည်ဦးဘက်ကနေ အခိုင်အမာရပ်တည်ပေးလိုက်တဲ့ အဆိုတော် အိမ့်ချစ်

မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးဟာ လတ်တလောမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း ကမ်းခြေတစ်ခုမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ခပ်ဟော့ဟော့ အ၀တ်အစားတွေ ၀တ်တယ်ဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံခဲ့ရပါသေးတယ်။
 
သူမဟာ မနေ့ကလည်း သူမရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ် ပရိုဖိုင်ပုံကို ကမ်းခြေမှာ ရိုက်ကူးခဲ့တဲ့  ဓာတ်ပုံတစ်ပုံနဲ့ ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီး အဆိုပါပုံအောက်တွင် မှတ်ချက်ပေး ဝေဖန်သူများစွာ ရှိခဲ့ပြန်တာဖြစ်ပါတယ်။ မှတ်ချက်ပေးသူများထဲတွင် နာမည်ကျော် အဆိုတော် အိမ့်ချစ်လည်း ပါဝင်ခဲ့ပြီး မကောင်းတဲ့ မှတ်ချက်ပေး ဝေဖန်နေသူတွေကို အခုလို တုန့်ပြန်ပြောဆိုထားတာကို တွေ့ရပါတယ်။
 
အဆိုတော်မလေး အိမ့်ချစ်က "နေခြည်ဦးက ဟိုးအရင်ထဲက သူ့စိတ်ကြိုက်ဟော့ရှော့ပ်လေးတွေ ၀တ်ခဲ့တာပါ။ အခုမှ ၀တ်တာ မဟုတ်ပါဘူး။ စပြီး Blogger မလုပ်ခင် ကတည်းကပါ။ သူ့ပုံစံလေးတွေက လွတ်လပ်ပြီး ယုံကြည်မှုရှိရှိနဲ့ နေခဲ့တာ ဟိုးကတည်းကပါ။ ခုမှ ၀တ်တယ်ဆိုပြီး ပြောနေလို့ ပြောပြတာပါရှင့်။ နေခြည်ဦးက ခုမှ ဟော့ရှော့ပ်တွေ လုပ်ပြတာ မဟုတ်ပါဘူး။ ဒီပုံစံအတိုင်းပဲ နေခဲ့တာကြာပါပြီ။ ချစ်ကြတုန်းကတော့ အပြစ်မမြင်ကြဘဲ ခုမှ အရမ်းတွေမုန်းပြနေကြတာ တွေ့ရလို့  ၀င်ပြောပြပေးတာပါ" လို့ တုန့်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
 
The ladies news
 

 

Vote: 
No votes yet

Add new comment