လွိုင်ကော်မြို့တွင် ၂ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သူကို အမှုဖွင့်အရေးယူ

လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အကျဉ်းဦးစီးဌာန၀င်းအတွင်း ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှု ဇန်န၀ါရီ ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ၁၅၀၀ အချိန် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် အကျဉ်းဦးစီးဌာနဝန်း အတွင်း၌ မ xxxx (၂)နှစ်အား မြင့်ခိုင်(ခ)စိန်မြင့်ခိုင် (၂၄)နှစ်မှ မုန့်ဝယ်ကျွေးမည်ဟု ပြောဆို၍ သံချည် သံကွေး အလုပ်သမားများ နေထိုင်သော လိုင်းခန်းသို့ ခေါ်ဆောင်ကာ သားမယားပြုကျင့်ခဲ့သဖြင့် ၂၂၃၀ အချိန်တွင် ၎င်း၏မိခင်မှ တိုင်တန်း၍ မြင့်ခိုင် (ခ)စိန်မြင့်ခိုင်(ဖမ်းမိ)အား လွိုင်ကော်မြို့မရဲစခန်း (ပ)၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment