ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တဲ့ အီဒင်ဟာဇက်

ပရီးမီးယားလိဂ် ထပ်သီးတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်လူ အီဒင်ဟာဇက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုး လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးမီက အဆိုပါကစားသမားဟာ အခြားအသင်းတွေကို ပြောင်းရွှေ့လိုနေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ပရိသတ်တွေကလည်း ၄င်းအနာဂတ်အတွက် စိုးရိမ်ခဲ့ကြရပါတယ်။
 
ကွင်းလယ်လူ ဟာဇက်ဟာ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ ပရိသတ်တွေကို အခုလိုမျိုး အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ အဆိုပါကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမား စာရင်းတွင် ထပ်ဆုံးမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။
 
စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ ဟာဇက်က "ကျွန်တော့်အထင်တော့ ဂိုးသမား တော်တွိုက်စ် အသင်းနဲ့အရင် စာချုပ်ချုပ်မှာပါ။ ပြီးရင် ကျွန်တော်လည်း အသင်းနဲ့ သက်တမ်းတိုးစာချုပ် လက်မှတ်ထိုးမှာပါ" လို့ ဇန်နဝါရီ ၁၁ ရက်နေ့က လန်ဒန်မြို့မှာကျင်းပတဲ့ NBA ကစားပွဲကို တက်ရောက်ချိန်မှာ သူအနာဂတ်နဲ့ ပတ်သက်လို့ ပရိသတ်တွေကို ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
 
ဂိုးသမား ကော်တွိုက်စ်ဟာ ချဲလ်ဆီးအသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းရမယ့် သက်တမ်းတိုး စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး ဟာဇက်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
 
Ref: DailyMail
The Ladies News

 

Vote: 
Average: 5 (1 vote)

Add new comment