လှိုင်းဘွဲ့မြို့နယ်အတွင်း စိတ်ဖောက်ပြန်သည့် သားဖြစ်သူ၏ ရိုက်နှက်မှုကြောင့် မျက်လုံးနှစ်လုံးပေါက်ထွက်ကာ ဖခင်သေဆုံး

လှိုင်းဘွဲ့မြို့နယ်၊ ကော့အိမ်ဆိုင်ကျေးရွာတွင် ရိုးရာနတ်စားအိမ်ဆောက်လုပ်နေသည့် ဖခင်အား သားဖြစ်သူက ရိုက်နှက်မှုကြောင့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် က ဦးဖေတင်(သေဆုံး)သည် သားဖြစ်သူ မောင်ထက်ပို၊ ဦးဟာလိန်း (၅၀)နှစ်၊ မရင်သောင်း(၄၄)နှစ်တို့နှင့်အတူ ၎င်း၏ ခြံဝင်း အတွင်း ရိုးရာနတ်စားအိမ်ဆောက်လုပ်နေစဉ် ၎င်း၏သား ကျော်ပေါင်ကျီ (၂၉)နှစ် ရောက်ရှိလာပြီး စိတ်ဖောက်ပြန်ကာ ဦးဖေတင်အား နတ်စင်အနီးရှိ ဝါးရင်းပိုင်းအစိုဖြင့် ရိုက်နှက်၍ အိမ်လှေကားထိပ်တိုင်တွင် ခြေ၊ လက်တို့အား နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ သစ်သားတုတ်ဖြင့် ထပ်မံရိုက်နှက် ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လှိုင်းဘွဲ့မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ ဦးဖေတင်(၆၀)နှစ်တွင် နဖူးကွဲကြေ၊ နှာခေါင်း ချိုင့်ဝင်၊ မျက်လုံး ၂ လုံး ပေါက်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ လှိုင်းဘွဲ့မြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း၊ ယင်းနောက် နောင်မြလွှဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဝင်းထွန်း(၄၆)နှစ်မှ တိုင်တန်း၍ ကျော်ပေါင်ကျီ (ဖမ်းမမိ)အား ပိုင်ကျုံနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

The Ladies News

Vote: 
No votes yet

Add new comment