ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရသည့် အမှုတွင် NLD ပါတီအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုမရှိဟုဆို

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံသည့် အမှုတွင် NLD ပါတီအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုမရှိကြောင်း တရားလိုရှေ့နေဖြစ်သူ ဦးနေလက The Ladies News သို့ ပြောကြားသည်။
 
လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် NLD ပါတီဝင် တစ်ဦးဖြစ်သလို ပါတီ၏ ဥပဒေအကြံပေး တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ရှာဖွေးပေးခဲ့သူအဖြစ်လည်း အများက ဦးကိုနီကို ထင်းကြေးပေးကြသည်။
 
`ကျွန်တော့်အမြင် ပြောရမယ်ဆိုလို့ရှိရင်တော့ NLD ပါတီကနေပြီးတော့ ဦးကိုနီလုပ်ကြံခံရတဲ့အမှု စစ်ဆေးတဲ့အပေါ်မှာ တစ်စုံတစ်ရာ မေးမြန်းမှုလည်းမရှိဘူး။ တစ်စုံတစ်ရာ ပါဝင်ဆောင်ရွက်မှုလည်း မရှိဘူး။ တစ်စုံတစ်ရာ အကြံပေးခြင်းလည်း မရှိတဲ့အတွက်ကြောင့်မိုလို့ NLD က ဒီကိစ္စအပေါ်မှာ စိတ်ဝင်စားမှုမရှိဘူးလို့ပဲ ယူဆပါတယ်´ ဟု ရှေ့နေဦးနေလက ပြောကြားသည်။
 
အဆိုပါ ပြောဆိုသုံးသပ်မှုနှင့် ပတ်သက်ပြီး NLD ပါတီ၏ သဘောထားကို သိရှိနိုင်ရန်အတွက် ပြောရေးဆိုခွင့် ရှိသူများထံ The Ladies News မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
 
NLD အနေဖြင့်လည်း ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အမှုမှန် ပေါ်ပေါက်ရေးအတွက် ၄င်းတို့နှင့် သက်ဆိုင်သည့် အပိုင်းမှ ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ သို့သော် ထိတွေ့မှုမရှိသည့်အတွက် မည်သို့ ဆောင်ရွက်နေသည် ကိုတော့ မသိရှိကြောင်း Taxi ယာဉ်မောင် ကိုနေ၀င်း၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။
 
ဦးကိုနီသည် ၂၀၁၇ ဇန်န၀ါရီလ ၂၉ ရက် ညနေပိုင်းတွင် ပြန်ကြာရေးဝန်ကြီး ဦးဆောင်သည့် အင်ဒိုနီးရှားနိုင်ငံ ခရီစဉ်မှအပြန် မင်္ဂလာဒုံလေဆိပ်တွင် သေနတ်သမား၏ အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
 
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံမှုကို ကြားနာစစ်ဆေးနေရာတွင် ရုံးချိန်းပေါင်း ၃၈ ချိန်းနှင့် တရားလိုပြ သက်သေပေါင်း ၇၁ ဦးအား စစ်ဆေးခဲ့ပြီးဖြစ်သည်။ သို့သော် လုပ်ကြံမှုအား အဓိကကြိုးကိုင်သူ အဖြစ် စွပ်စွဲခြင်းခံထားရသည့် တရားခံပြေး အောင်ဝင်းခိုင်ကိုတော့ ယခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment