ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖွယ်ရှိနေတဲ့ ရော်နယ်လ်ဒို

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားဟောင်း တစ်ဦးဖြစ် တဲ့ စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် အသင်းတွေကို ဇန်န၀ါရီလ အပြောင်းအရွှေ့ ကာလအတွင်း ပြန်လာဖို့ စဉ်းစားနေ တယ်လို့ သိရပြီး အသင်းဟောင်း ဖြစ်တဲ့ မန်ယူအသင်း ကိုတော့ ပြန်လာဖို့ စိတ်ကူးမရှိ ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
 
၎င်းဟာ ယခုလက်ရှိကစားနေတဲ့ စပိန်အသင်း တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ မပျော်မရွှင် ဖြစ်နေတာ ကြောင့်လည်း ပရီးမီးယားလိဂ်အသင်းတွေကို ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။ ၄င်းဟာ အဆိုပါအသင်းအတွက် ဒီရာသီမှာ ၄ ဂိုးသာ သွင်းယူပေး ထားနိုင်တာကြောင့် စပိန်သတင်းစာများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပြီး မပျော်ရွှင်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
သူ့အနေနဲ့လည်း ပြောင်းရွှ့ဖြစ်ပါက ချဲလ်ဆီးအသင်းကို စိတ်ဝင်စားနေတယ်လို့လည်း စပိန်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ ဟာဇက်ကို လက်လွှတ်ဖွယ် ရှိနေတာကြောင့် စီရော်နယ်လ်ဒိုကို ခေါ်ယူလိုနေပြီး ဟာဇက်နဲ့ ၄င်းကို လဲလှယ်နိုင်တဲ့ အခြေအနေတွေ ရှိနိုင်တယ်လို့ သတင်းတွေ ဆက်လက်ထွက်ပေါ်လျက် ရှိပါတယ်။
 
The Ladies News
 

 

Vote: 
Average: 3 (1 vote)

Add new comment