မန်ယူအသင်းကို ပြောင်းရွှေ့ခွင့်ရနိုင်ဖို့ အခြားကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချလိုက်တဲ့ လူးကပ်စ်မိုရာ

ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတစ်ဦဖြစ်တဲ့ လူးကပ်စ်မိုရာဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် အခြားအသင်းတွေ ရဲ့ ကမ်းလှမ်းလာမှုတွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ The Sun သတင်း စာ မှာ ဖော်ပြထားပါတယ်။
 
မိုရာဟာ ယခုနှစ်ရာသီ နည်းပြကြီး ယူနိုင်းအမ်မရီရဲ့ ဦးဆောင်မှုအောက် တွင် ပုံမှန်ပွဲထွက်ခွင့်များ ပျောက်ဆုံးနေပြီး အရန်ကစားသမား အဖြစ် လည်း ပွဲစဉ် ၆ ပွဲမျှသာ ကစားထားရတယ်လို့ သိရပါတယ်။ ၄င်းဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် ဘရာဇီးကိုယ်စားပြု လက်ရွေးစင် အသင်း မှာ ပါဝင်နိုင်ဖို့ ဆန္ဒရှိနေတာကြောင့် သူ့အတွက်ပုံမှန် ပွဲထွက်ကစားခွင့် ရရှိနိုင်တဲ့ မန်ယူအသင်းကို ဇန်န၀ါရီ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်မှာ ပြောင်းရွှေ့ လိုနေတာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာလည်း ပြောင်းရွှေ့ကြေးပေါင် သန်း ၄၀ ၀န်းကျင်ရရှိပါက မိုရာကို လက်လွှတ်ဖွယ်ရှိနေပြီး ဘော်ဒိုး၊ နန်တက်စ်၊ နိုက်စ် နဲ့ ဘက်တစ် အသင်းတွေဟာလည်း မန်ယူအသင်းနဲ့ အပြိုင် ၄င်းကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
 
မန်ယူနည်းပြကြီးမော်ရင်ဟိုဟာ ကွင်းလယ်ကစားသမား ထပ်မံဖြည့်တင်း ဖို့ မိုရာကို ခေါ်ယူဖို့ ဆန္ဒရှိပေမယ့်လည်း အဆိုပါကစားသမားကို ကနဦး အငှားအနေဖြင့်သာ ခေါ်ယူလိုနေတာဖြစ်ပြီး အသင်းမှာ နေသားကျလာမှ အပြီးသတ် စာချုပ်ချုပ်ဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment