မန်ချက်စတာယူနိုက်တက်အသင်းမှာ ဂရေ့ဇ်မန်းနဲ့ အတူ တွဲဖက်ကစားဖို့ ဆန္ဒပြင်းပြနေတဲ့ ပေါလ်ပေါ့ဘာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိကအားထားရတဲ့ ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဘာဟာ ၄င်းနဲ့အတူ ပြင်သစ်လက်ရွေးစင် အသင်းမှာ တွဲဖက်ကစားလာခဲ့တဲ့ ကစားဖော် ဂရေ့ဇ်မန်းနဲ့ တွဲဖက်ကစားလိုနေ တယ်လို့ သိရပါတယ်။ ပြင်သစ်ကြယ်ပွင့် ကစားသမား ဂရေ့ဇ်မန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ကာလရှည်ကြာစွာ ခံထားရပြီး မကြာခင် အသင်းနဲ့ စာချုပ်ချုပ်ဆိုတော့မယ့် သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။
 
အဆိုပါကစားသမားကို မန်ယူအသင်းအပြင် အခြားအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ တို့ကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေကြ တာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ မကြာသေးမီက လီဗာပူးလ် ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့ပြီးတာကြောင့် ကစားသမား ထပ်မံခေါ်ယူဖို့ သေချာတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင်
ဂရေ့ဇ်မန်းဟာ မြို့ခံပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ လုံးဝဆန္ဒ မရှိတာကြောင့်လည်း အဆိုပါကစားသမားကို ပိုင်ဆိုင်ဖို့ မန်ယူတို့ အခွင့်သာလျက်ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ပေါလ်ပေါ့ဘာကလည်း ၄င်းနဲ့အတူ တွဲဖက်ကစားဖို့ ဆန္ဒပြင်းထန်နေတယ်လို့ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျူလီယန်လောယန်က ဘီဘီစီသို့ ပြောကြားခဲ့ပါတယ်။
 
လောယန်က "ဂရေ့ဇ်မန်းဟာ မနှစ်ကနွေရာသီကတည်းက ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပါ။ အသင်းက ပြောင်းရွှေ့ခွင့် ပိတ်ပင်ခံရလို့လည်း ဂျူဗင်တပ်စ်အသင်းမှာ ဆက်နေခဲ့တာပါ။ သူ့ကို ဘာစီလိုနာအသင်းက ခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် အဲ့ဒါကလည်း သူ့အတွက် ကျန်ရှိနေတဲ့ စာချုပ်လျော်ကြေး သန်း ၁၀၀ နီးပါးကို ပေးချေလိုခြင်း ရှိမရှိအပေါ် မူတည်နေပါတယ်။ မန်ယူမှာကစားနေတဲ့ သူ့သူငယ်ချင်း ပေါ့ဘာကလည်း သူနဲ့တွဲဖက်ကစားဖို့ ဆန္ဒပြင်းပြနေလို့ သူ့သူငယ်ချင်းရှိတဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အားသာနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment