မိုဟာမက်ဆာလာကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ်အသင်း ပစ်မှတ်ထားနေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ မိုဟာမက်ဆာလာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
 
မကြာသေးမီ ရက်အနည်းငယ် အတွင်းက ပြိုင်ဘက် ဘာစီလိုနာ အသင်းဟာ အဆိုပါအသင်းရဲ့ အားထားရတဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်တဲ့ ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့တာကြောင့် ၄င်းတို့ကို ပြန်လည် တုန့်ပြန်နိုင်ဖို့ အတွက် အခုလို မိုဟာမက်ဆာလာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။
 
အဆိုပါကစားသမားဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အသင်းအတွက် ၁၇ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး ချန်ပီယံလိဂ်ပွဲစဉ်များ တွင်လည်း ၅ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဂိုးသွင်းအရေအတွက် နှိုင်းယှဉ်ချက်အရ ၄င်းသွင်းယူထားတဲ့ သွင်းဂိုးစုစုပေါင်းဟာ လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အားထား ကစားသမားတွေ ဖြစ်တဲ့ စီရော်နယ်လ်ဒို၊ ဘင်ဇီမာ၊ ဂါရတ်ဘေး အစရှိတဲ့ ကစားသမား ၃ ယောက်ပေါင်းထက် ပိုများနေတယ်လို့ သိရပါတယ်။
 
လီဗာပူးလ်အသင်းကတော့ မကြာသေးမီ ရက်အတွင်းက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ကော်တင်ဟိုကို လက်လွှတ် ဆုံးရှုံးခဲ့ ရတာကြောင့် မိုဟာမက်ဆာလာကို ထိန်းသိမ်းထားနိုင်ဖို့ ဘာမဆို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment