စာချုပ်သက်တမ်း မကုန်ဆုံးမီ မန်ယူကိုစွန့်ခွာသွားဖို့ ရှိတဲ့ အီဗရာဟီမိုဗစ်

မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ အီဗရာဟီမိုဗစ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးမီမှာ နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ ဆန္ဒရှိနေတယ်လို့ Mirror သတင်းစာမှာ ဖော်ပြထားပါတယ်။
 
အဆိုပါ တိုက်စစ်မှူးဟာ လက်ရှိရာသီ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး လူကာကူရဲ့ နောက် အရန်ကစားသမားအဖြစ်သာ ကစားနေရတာကြောင့် မကျေမနပ်ဖြစ်နေပြီး အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ နည်းပြကြီးမော်ရင်ဟိုကလည်း ယခုလ ဇန်န၀ါရီ အပြောင်းရွှေ့ကာလမှာ တိုက်စစ်ကစားသမားသစ် တစ်ဦး ခေါ်ယူလိုနေပြီး အက်သလက်တီကို တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းနဲ့ အပြိုင် ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
 
မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေကတော့ လက်ရှိအသင်းရဲ့ ကစားသမားတွေအပေါ် ကျေနပ်မှုရှိနေပြီး ကစားသမား ထပ်မံ အင်အားဖြည့်မှုကို နောက်လာမည့် နွေရာသီ အပြောင်းရွှေ့ကာလမှ ပြုလုပ်လိုနေကြတယ်လို့ သိရပါတယ်။
 
အီဗရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာ ရရှိထားတာကြောင့် အနားယူနေရပြီး ၄င်းကို ခေါ်ယူဖို့ တရုတ်စူပါလိဂ် ကလပ်အသင်းများက စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment