၂၀၁၈ မှာ စမတ်ဖုန်း သန်း ၃၂၀ လောက်ရောင်းချနိုင်ဖို့ Samsung ရည်မှန်းထား

စမတ်ဖုန်းလောကမှာ နာမည်ကောင်းတွေ ရရှိပိုင်ဆိုင်ထားပြီး ကမ္ဘာ တစ်ဝှမ်း ၀ယ်ယူသုံးစွဲသူများစွာရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံထားရတဲ့ စမတ်ဖုန်းတွေကတော့ Samsung စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။
 
၎င်းဟာ ယခုလက်ရှိ စမတ်ဖုန်းလောကမှာ အကြီးမားဆုံး စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပြီး ဈေးကွက်မှာ ရောင်းအားအကောင်းဆုံး ဖြစ်နေဆဲဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အဆိုပါ စမတ်ဖုန်းကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ် ၂၀၁၇ ခုနှစ်မှာ စမတ်ဖုန်း အရေအတွက် သန်း ၃၂၀ ၀န်းကျင်ကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်မှာလည်း ခန့်မှန်းရောင်းအား အလုံးရေ သန်း (၃၂၀) ၀န်းကျင်သာ တင်ပို့ရောင်းချနိုင်ဖို့ ရည်မှန်းထားတယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။
 
Samsung စမတ်ဖုန်းကုမ္ပဏီရဲ့ ယခုနှစ်ရောင်းချဖို့ ရည်မှန်းထားတဲ့ အလုံးရေ ပမာဏဟာ ယခင်နှစ်နဲ့ အတူတူ ဖြစ်နေပေမယ့် အခြား နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီတွေဖြစ်တဲ့ Apple နဲ့ Huawei တို့ဟာ အဆိုပါနှစ်မှာ စမတ်ဖုန်း အလုံးရေ သန်း ၁၅၀၊ ၂၀၀ သာ ရောင်းချနိုင်ခဲ့ပါတယ်။ အဆိုပါ စစ်တမ်း အရ စမတ်ဖုန်း ရောင်းချနိုင်မှု အရေအတွက်မှာ ၄င်းတို့ကုမ္ပဏီဟာ အများဆုံး ဖြစ်နေတာကြောင့် ထုတ်လုပ်မှု အရေအတွက် ထပ်မံတိုးချဲ့ဖို့ကို မစဉ်းစား သေးတာဖြစ်ပြီး ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ကွာဟ နေသေးတာကြောင့် ယခုနှစ် ရောင်းအားအကောင်းဆုံး နေရာအတွက် လည်း စိတ်ပူခြင်းမရှိဘူးလို့ သိရပါတယ်။
 
The ladies News
 

 

Vote: 
No votes yet

Add new comment