ဒေါ်လာ ၂ ဘီလီယံကျော် အသုံးပြုပြီး AI သုတေသနပန်းခြံ တည်ဆောက်နိုင်ရေး တရုတ်စီစဉ်

တရုတ်နိုင်ငံဟာ ဒေါ်လာ ၂ ဘီလီယံကျော် အသုံးပြုပြီး AI (Artificial Intelligence) သုတေသနပန်းခြံ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သုတေသနပန်းခြံကို တရုတ်ပြည်ရဲ့ အထင်ကရ မြို့ကြီးတစ်မြို့ ဖြစ်တဲ့ ဘေကျင်းမြို့ရဲ့ အနောက်ဘက်မှာ ရှိတဲ့ မန်တူဂူဒေသမှာ တည်ဆောက်မှာ ဖြစ်ပြီး တရုတ်ယွမ် ၁၃.၈ ဘီလီယံ၊ ဒေါ်လာ ၂.၁၂ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ AI နည်းပညာကို ကမ္ဘာမှာ ဦးဆောင်နိုင်ဖို့ အထိ မျှော်မှန်းထားပြီး ထိုမျှော်လင့်ချက် ပန်းတိုင် အောင်မြင်ဖို့ အခုလို အကုန်ကျခံ ဆောက်လုပ်ဖို့ စီစဉ်နေတာပဲဖြစ်ပါ တယ်။ အဆိုပါ AI (Artificial Intelligence) သုတေသန ပန်းခြံမှာ စီမံကိန်း အခု ၄၀၀ ဆောင်ရွက်သွားမှာ ဖြစ်ပြီး နှစ်စဉ် ယွမ်ဘီလီယံ ၅၀ ခန့် ပြန်လည်ရရှိဖို့ မျှော်မှန်းထားတယ်လို့ ဆင်ဟွာ သတင်းစာက ဖော်ပြထားပါတယ်။
 
၎င်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Zhongguancun Developmen Group) ဟာ အဆိုပါ ဧရိယာမှာ AI Lab တွေ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရပ်ခြားမှာရှိတဲ့ တက္ကသိုလ်တွေကို ပူးပေါင်းဖို့ ရှာဖွေနေတယ်လို့ လည်း ဆင်ဟွာက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ အဆိုပါ AI နည်းပညာကို နိုင်ငံရပ်ခြား ကုမ္ပဏီတွေက စိတ်ဝင်စားနေကြပြီး နာမည်ကြီး Search Engine တစ်ခုကို ပိုင်ဆိုင်ထားတဲ့ Alphabet ကုမ္ပဏီရဲ့ Google လည်း ပါဝင်ခဲ့ပါတယ်။ Google ဟာ ဒေသအတွင်းက သုတေသန အရည်အချင်းရှိသူတွေ ပါဝင်တဲ့ ဘေကျင်း အခြေစိုက် AI သုတေသန အဖွဲ့ တည်ထောင်မယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
 
Google ရဲ့ Search Engine ကို တရုတ်ပြည်မှာ သုံးစွဲခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပေမယ့်လည်း ၄င်းက ဘေကျင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ AI (Artificial Intelligence) သုတေသနပန်းခြံမှာ Big-data, Biometric Identification, Deep learning နဲ့ Cloud Computing အစရှိတဲ့ စီမံကိန်းတွေကို အဓိကထား အာရုံစိုက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment