သရုပ်ဆောင် အောင်ရဲထွေး မသေဆုံးခင်က အဖြစ်အပျက်တွေကို ပြောပြလာတဲ့ အောင်ရဲထွေး၏ ချစ်သူ ဖူးဖူး

သေဆုံးသူ အောင်ရဲထွေးနဲ့ သူ့ရဲ့ ချစ်သူ ဖူးဖူးဟာ အခင်းဖြစ်ပွားခဲ့တဲ့ Happy New Year ညက The One Entertainment ကလပ်မှာ အတူရှိနေခဲ့ကြတာဖြစ်ပြီး အဆိုပါညက အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ သူမက
မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ဖြေကြားထားပါတယ်။
 
"ညီမနဲ့ The One Club ကို ရောက်နေတဲ့ အချိန်ပေါ့နော် လူတစ်ယောက် က ညီမကို စောင့်တွန်းလိုက်တယ်။ သူကိုယ်တိုင်ကပဲ ညီမကို ထိမှာစိုးလို့ တမင်တွန်းလိုက်တာလား၊ သူ့ကိုလုပ်တဲ့ လူတွေကပဲ တွန်းတာလားတော့ ညီမလည်း သေချာမသဲကွဲပေမယ့် သုံးလေးယောက်သူ့ကို ၀ိုင်းလုပ်ကြတယ်။ VVIP မှာဖြစ်တာပါ။ သုံးလေးယောက်လောက် ရှိပေမယ့် သွေးပူနေတော့ အတိအကျတော့ မသိဘူး။ သူ့ကို ထိုးနေကြချိန်မှာ လူမှားတာပါ။ ရန်ငြိုးရှိတဲ့ သူမဟုတ်ပါဘူး။ ဆွဲကြပါလို့ လိုက်အော်နေပေမယ့် ကန်နေကြပြီ။ မှတ်မိတာက အသားဖြူဖြူနဲ့ တစ်ယောက်၊ နှုတ်ခမ်းမွှေးနဲ့ တစ်ယောက်ပါ။ ညီမကိုယ်တိုင် အသက်မီအောင်လို့ လုံခြုံရေးတွေကို ဆေးရုံကား ခေါ်ခိုင်းပါတယ်။ ကားကလည်း တော်တော်စောင့်ရပါတယ်။ လုံခြုံရေး အားနည်းတယ်။ ရိုးရိုးတန်း၊ VIP၊ VVIP တွေရောဆိုတော့ လူဖြန့်ထားရလို့တော့ ပြောပါတယ်။ လူတွေဝင်ဆွဲတဲ့ အချိန်မှာ နောက်ကျနေပြီ။ CCTV ကို ညီမကို ပေးကြည့်တာ မရှိဘူး။ ရဲက တောင်းထားလား၊ မတောင်းထားလား မသိဘူး။ ဆေးရုံသွားတဲ့ အချိန်မှာ
သွေးအန်နေပြီ။ သူက အရက်လည်း မသောက်တတ်ဘူး။ အရမ်းလည်း အေးတယ်။ သူနဲ့ တွဲလာတဲ့ နှစ်နှစ်မှာ ရန်ဖြစ်တာမျိုး၊ သူ့ကို မုန်းတဲ့ သူမျိုး မကြားဖူးဘူး။ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ယောင်္ကျားတစ်ယောက်ပါ။ မိန်းမကိစ္စ ရှုပ်တာလည်း မရှိဘူး။ ရန်ငြိုး ရန်စလည်း မရှိဘူး။ လူမှား လုပ်ခံရတာပါ။ မိဘကို ရှာကျွေးနေသူပါ။ ချစ်သူအပေါ်လည်း ကောင်းတယ်။ သူငယ်ချင်းတွေအပေါ်လည်း ကောင်းတယ်။ သူ့ Fan တွေကို ပျော်အောင် လုပ်ပေးတယ်။ အဲ့ဒါကြောင့် သူကောင်းရာမွန်ရာ ရောက်မယ်လို့ ယုံကြည်ပါတယ်လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment