သေဆုံးသွားပြီဆိုပေမယ့် ပရိသတ်တွေ ထပ်မံမြင်တွေ့ရဦးမယ့် အောင်ရဲထွေး

ဖေ့စ်ဘွတ်ပေါ်မှာ ဟာသဗွီဒီယိုလေးတွေ တင်ရင်း နာမည်ရ လူကြိုက်များ လာခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် အောင်ရဲထွေးဟာ Happy News Year ညက မထင်မှတ်ဘဲ ကလပ်တစ်ခုမှာ ၀ိုင်းရိုက်ခံရမှုကြောင့် ဦးနှောက်ကြေမွသွားခဲ့ရပြီး အရေးပေါ် လူနာဆောင်မှာ သေဆုံးခဲ့ရ ပါတယ်။ ၄င်းသေဆုံးမှုကြောင့် မြန်မာနိုင်ငံတွင်း ပရိသတ်တွေသာမက အခြားနိုင်ငံတွေမှာပါ သွားရောက် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေသူတွေလည်း များစွာ စိတ်ထိခိုက်ခဲ့ကြရပါတယ်။
 
ပရိသတ်တွေအားလုံး စိတ်မကောင်းခြင်းများစွာ နဲ့ သူ့ကို နှုတ်ဆက် ခဲ့ရပေမယ့် သူ့ရဲ့ ဘ၀အမောတွေ ပြေစေမယ့် ဗွီဒီယိုလေးတွေကို ဆက်လက်ကြည့်ရှု ရယ်မောချင်နေကြဦးမှာ အသေချာပါ။ ပရိသတ်တွေရဲ့ ရင်ထဲက ခံစားချက်တွေကို ဖြည့်ဆည်း ပေးလိုက်နိုင်သူကတော့ သေဆုံးသွားတဲ့ အောင်ရဲထွေးရဲ့ အစ်ကိုဖြစ်သူ နေဇင်လတ်ပါ။ သူဟာ ပရိသတ်တွေအတွက် သူ့ညီလေး တစ်ခါမှ လူမှုကွန်ရက်မှာ မတင် သွားဖူးတဲ့ ရယ်မောဖွယ်ရာ ဟာသဗွီဒီယို အသစ်လေးကို ပရိသတ်တွေ ကြည့်ရှုခံစားဖို့ မျှဝေပေးခဲ့တာဖြစ်ပြီး ကြည့်ရှုသူအများအပြား ရှိခဲ့ပါတယ်။
 
ဆက်လက်ပြီးလည်း ဗွီဒီယိုအသစ်တွေ တင်ဆက်ပေးဦးမှာ ဖြစ်တယ်လို့ သိရပြီး ပရိသတ်တွေကတော့ အောင်ရဲထွေးနဲ့ ရုပ်ချင်းအရမ်းဆင်လွန်းသူ အစ်ကိုဖြစ်တဲ့ နေဇင်လတ်ကို ယခင် အောင်ရဲထွေး ရှိစဉ်ကအတိုင်း ဟာသဗွီဒီယိုလေးတွေ ပြုလုပ်မျှဝေပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ထား တယ်လို့ သိရပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment