ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ဦးလွင်မိုးရဲ့ သမီး ယွန်းဝတီလွင်မိုး လက်ထပ်ထိမ်းမြား

သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ဦးလွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးနဲ့ သူမရဲ့ချစ်သူ ထက်ဦးလှိုင်တို့ ရဲ့ မင်္ဂလာဆောင် ဖိတ်စာဟာ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပြီး ယုံကြည်သူများ ရှိသလို၊ မယုံကြည်နိုင်အောင် ဖြစ်နေရသူတွေ များစွာရှိခဲ့ပါတယ်။ ချောမောလှပတဲ့ သဘာဝအလှကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် သူမဟာ မကြာသေးမီက အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့ မီဒီယာတွေရဲ့ မေးမြန်းခြင်းအပေါ်မှာ အချစ်ရေးကို မစဉ်းစား သေးကြောင်းနဲ့ ပညာရေးသာ အဓိကထား ကြိုးစားနေတယ်လို့လည်း ဆိုထားခဲ့တာကြောင့် ပရိသတ်တွေအကြား မယုံကြည်မှုတွေ မြင့်တက်ခဲ့ရ တာလည်း ဖြစ်ပါတယ်။
 
ယခုလို ယုံတစ်ဝက်၊ မယုံတစ်ဝက်ရှိနေတဲ့ ပရိသတ်တွေအကြား သတင်းတွေ ပျံ့နှံ့ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ သူမဟာ သူမရဲ့ ချစ်သူနဲ့ တကယ်ပဲ လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ လက်ထပ်ပွဲ အခမ်းအနားကိုတော့ ဇန်န၀ါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ရဲ့ ကြီးကြယ်ခမ်းနားတဲ့ ဟိုတယ်တစ်ခုဖြစ်တဲ့ MELIA Hotel မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင် ပေါင်းများစွာ တက်ရောက်ချီးမြှင့် ခဲ့ကြတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ အသက် ၂၀ ပြည့်တော့မယ့် သူမဟာ ငယ်စဉ်ကတည်းက ကြော်ငြာတွေ ရိုက်ကူးခဲ့သူဖြစ်ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment