မဟာအောင်မြေမြို့နယ်၌ လောင်းကစားဂိမ်းစက် ဖမ်းဆီးရမိမှု

မဟောအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၄x၄၀ လမ်းထောင့်ရှိ ဆိုင်တစ်ဆိုင်တွင် လောင်းကစား ဂိမ်းစက်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ၁၁၄၅ အချိန် မဟောအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၄x၄၀ လမ်းထောင့်ရှိ အောင်အောင်(ဆိုင်မန်နေဂျာ) ၏ဆိုင်သို့ မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ နှင့် မဟာအောင်မြေ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့မှ သတင်းအရ ဝင်ရောက် ရှာဖွေရာ မအေးအေးအောင်(၁၈) နှစ် အပါအဝင် ဆိုင်ဝန်ထမ်း မ ၅ ဦး၊ လောင်းကစား ပြုလုပ်သူ အာကာဖြိုး(၃၂)နှစ် အပါအဝင် ၉ ဦး(ကျား ၅၊ မ ၄)တို့နှင့်အတူ ငါးမန်းဂိမ်းစက် ၅ လုံး နှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၃၆၃,၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ ဆိုင်ကယ် ၈ စီး သိမ်းဆည်းရမိခဲ့ပြီး ဂိမ်းဆိုင် တည်ထောင်သူမှာ တရုတ်နိုင်ငံသား Mr.Weng Ge(စိစစ်ဆဲ) ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့အတူ အာကာဖြိုးပါ ၁၄ ဦး(ဖမ်းမိ)၊ Mr.Weng Ge နှင့် အောင်အောင် (ဖမ်းမမိ) တို့အား မဟာအောင်မြေမြို့မ ရဲစခန်း (ပ)၇၇၅/၂၀၁၇ လောင်းကစားပုဒ်မ ၁၃(က)/ ၁၄(က)ဖြင့် အမှုဖွင့်စစ်ဆေးရာ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ဂိမ်းစက်များအား ပြည်ပမှ တင်သွင်းလာကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၁၉၅၅ အချိန်တွင် Mr.Weng Ge အား (ပ)၇၇၆/၂၀၁၇ ပို့/သွင်းပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment