အိမ်အကူ မိန်းကလေးငယ်များကို ညှင်းပန်းနှိပ်စက်မှုဖြင့် တရားရင်ဆိုင် နေရသည့် အင်းဝအပ်ချုပ်ဆိုင်အမှု လေးဦးအား ၉ နှစ်၊ ၁၃ နှစ်၊ ၁၆ နှစ်၊ ၁၆ နှစ် ဖြင့် ပြစ်ဒဏ်ချမှတ်

ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များကို ညှင်းပန်းနှိပ်စက်မှုဖြင့် တရားရင်ဆိုင်နေရသည့် အင်းဝအပ်ချုပ်ဆိုင် အမှု ဆိုင်ရှင်ဒေါ်တင်သူဇာပါ ၄ ဦး ပြစ်ဒဏ်အသီးသီးအား အနောက်ပိုင်းခရိုင် တရားရုံးက ချမှတ်လိုက်သည်။
 
ပြစ်ဒဏ်ချမှတ်ရာတွင် အပြင်းအထန် နာကျင်စေမှု၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၂၉ တို့ဖြင့် ဒေါ်တင်သူဇာနှင့် ဒေါ်စုမွန်လတ်တို့အား ထောင်ဒဏ် ၁၆ နှစ် ၁ လချမှတ်ခဲ့သည်။
 
ကိုတင်မင်းလတ်အား ပြစ်ဒဏ်အသီးသီးအတွက် ထောင်ဒဏ် ၉ နှစ် တစ်လ ချမှတ်ထားပြီး ကိုရာဇာထွန်းအား ပြစ်ဒဏ်အသီးသီးအတွက် ထောင်ဒဏ် ၁၃ နှစ်တလ ချမှတ်ခဲ့ကြောင်း သိရသည်။
 
အိမ်အကူမိန်းကလေး နှိပ်စက်အမှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းခံရာတွင် ပါဝင်သူနှစ်ဦးဖြစ်သည့် ဦးကိုလတ်နှင့် မသီရီလတ်တို့အား စွဲဆိုထားသည့်အမှုနှင့် မငြိစွန်းသည့်အတွက် အမှုမှ ကွင်းလုံးကျွတ် လွတ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်သည်။
 
အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ကိုရာဇာထွန်း မိခင်ဖြစ်သူက ၎င်း၏သားဖြစ်သူ အမိန့်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ကျေနပ်မူမရှိသည့် အတွက် တိုင်းဒေသကြီး လွှတ်တော်တရားရုံး အထိ အယူခံ ဆက်တက်သွားမည် ဖြစ်ကြောင်း ပြောသည်။
 
၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့ က ဒေါ်တင်သူဇာသည် အိမ်အကူ မသဇင်ကို နာကျင်အောင် ပြုလုပ်ခြင်း၊ တစ်လ တစ်သောင်း ဖြင့် ခေါ်ယူခဲ့သော်လည်း ရှစ်လခန့် အထိသာ ငွေပေးချေခြင်း၊ မိဘများနှင့် တွေ့ခွင့်မရရန် ပြုလုပ်ခြင်း တို့ကြောင့် နာကျင်စေမှု ၃၂၅/၃၄၄ ဖြင့် ၎င်း၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ၎င်း၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ၂၄/၂၉ တို့ဖြင့် အနောက်ပိုင်းခရိုင် တရားရုံး က စွဲချက်တင် အမိန့်ချ မှတ်ခဲ့ပြီး ဒေါ်တင်သူဇာက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တဲ့အတွက် တရားလိုပြ ပြန်ခေါ်သက်သေများ စစ်ဆေးခဲ့ပြီး ယခုအမိန့် ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment