ပြည်သူများအတွက် အရေးကြီးသည်ကို ဦးစားပေး ဆောင်ရွက်ပေးစေ လိုဟု ဒေါ်စန္ဒာမင်းပြော

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ၆ လအတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)ထဲတွင် ပါဝင် သည့် ဗိုလ်ချုပ်အောင်ဆန်းဈေးရုံ(၁၄)ရုံ၊ သိမ်ကြီးဈေးရုံတို့ ပြင်ဆင်ခြင်း များကို ကန့်ကွက်ခြင်း မဟုတ်သော်လည်း ပြည်သူများအတွက် အရေးကြီး သည်ကို ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက The Ladies သို့ ပြောသည်။
 
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလ အထိ ၆ လအတွက် ရသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) အမှန်တကယ် ရရမယ့်ငွေထက် နည်းပါးနေသေးသကဲ့သို့ သုံးငွေပိုင်းတွင်လည်း အရေးမကြီးသည်များကို လျာ ထားခြင်းကဲ့သို့ ကိစ္စများကို ဖြတ်တောက် ပေးရန် လွှတ်တော်တွင်း ကိုယ် စားလှယ်များက ဆွေးနွေးခဲ့စဉ် ဒေါ်စန္ဒာမင်းက “ဗိုလ်ချုပ်အောင်ဆန်း ဈေး ၁၄ ရုံ ပြင်ဆင်တာတို့၊ သိမ်ကြီးဈေး ဈေးရုံတွေ ပြင်ဆင်တာတို့ကို သဘော မတူနိုင်ပါဘူး” ဟု ထောက်ပြ ဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။
 
“ဗိုလ်ချုပ်ဈေးလုပ်တာကို ကန့်ကွက်တာ မဟုတ်ဘူး။ world bank ကပေးတဲ့ issue တွေက နဂိုကတည်းက ပရိုပိုဆယ် တင်ထားပြီးရင် ပြောင်းလို့မရဘူး။ proposal တင်ပြီးပြီဆိုရင် issue ခေါင်းစဉ်တွေ ပြောင်းပြီး ဘာမှလုပ်လို့မရဘူး။ အဲ့ဒီတော့ world bank ကိုတင်ထားတဲ့ proposal ထဲမှာ ဗိုလ်ချုပ်ဈေး ပြုပြင်တဲ့ဟာရော သိမ်ကြီးဈေး ပြုပြင်တဲ့ဟာရော အကုန်ပါတယ်။ ဒါတွေက လုပ်ရမှာပဲ။ ဒါပေမယ့် world bank သည် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ ဆိုပြီး ပထမဦးစားပေး ဒုတိယ ဦးစားပေးတွေနဲ့ ဖော်ပြထားတယ်။ ကျွန်မဆိုလိုချင်တာ ဗိုလ်ချုပ်ဈေး လုပ်တာကို ကန့်ကွက်တာမဟုတ်ဘူး။ World Bank က ချမှတ်ထားတဲ့အတိုင်းပဲ အပိုင်း ၂ သည် ရေကြီးရေလျှံမှုကို ကာကွယ်တဲ့ အပိုင်းဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အရေးကြီးတယ်။ ဒါကြောင့် သူ့ရဲ့အစီအစဉ် အတိုင်းပဲလုပ်ပါ။ အပိုင်း ၂ ကို အရင်လုပ်ပါ။ ပြီးလို့ရှိရင် အပိုင်းသုံးကလည်း ဦးစားပေး ပြောထားတဲ့အတိုင်းပဲ လုပ်ပေးပါလို့ ဆိုလိုခြင်းဖြစ်တယ်”ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
 
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ် သက်၍ အပိုင်းငါးပိုင်း ခွဲခြားထားပြီး ပထမပိုင်းတွင် အရှေ့ တောင်အာရှ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အာမခံ ရန်ပုံငွေ ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဒုတိယပိုင်းတွင် မြို့ပြ ရေကြီးရေလျှံမှု အန္တရာယ် များအား စီမံခန့် ခွဲခြင်းဖြစ်ပြီး တတိယပိုင်းတွင် အများ ပြည်သူ့ ၀န်ဆောင်မှု အဆောက်အအုံ ပိုမို ဘေးကင်းလုံခြုံမှု ရှိစေရန် ဆောင်ရွက်ခြင်း စသဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment