တာတေကြီး ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ပရိတ်သတ်တွေ အကြား ရေပန်းစားနေတဲ့ နေတိုး

နေတိုး သရုပ်ဆောင်တဲ့ တာတေကြီး ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးထားတာဖြစ်ပြီး အိန္ဒိယကားတစ်ကားကို မှီငြမ်းရိုက် ကူးထားတာ ဖြစ်တယ်လို့ ၀ိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြချက်အရ သိရှိရပါတယ်။
 
ဒီဇာတ်ကားမှာ နေတိုးရဲ့ သရုပ်ဆောင်မှုတွေဟာ သဘာဝကျ ပိုင်နိုင် ပီပြင်လွန်းလို့ ကြည့်ရှုသူ ပရိသတ်များကို စိတ်လှုပ်ရှား ရင်ဖိုဖွယ် ရသတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ တာတေကြီး ဇာတ်ကားကြည့်အပြီး ပရိတ်သတ်များက ကျေနပ်အားရမှု ရှိကြခဲ့ကာ ဒီဇာတ်ကားဖြင့် နေတိုးကို အကယ်ဒမီပေးသင့်ကြောင်း "ဒီဇာတ်ကားနဲ့ နေတိုးကို အကယ်ဒမီ မပေးရင် ဘယ်သူ့ကိုပေးမလဲ" ဟု ဖေ့စ်ဘွတ်တွင် ဖော်ပြရေးသား ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
 
သရုပ်ဆောင်နေတိုးမှလည်း တာတေကြီးဇာတ်ကား ဖြင့် ပရိသတ်တွေ သူ့အနုပညာကို ပိုမိုယုံကြည် လာခြင်းကြောင့် ကျေးဇူးတင်စကား ကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အခုလို ရေးသားဖော်ပြထားပါတယ်။
 
"လက်ရှိ စကားလုံးတစ်လုံးကို ယူသုံးရရင် ကျွန်တော် ရူးခါနေအောင် ကြိုးစားခွင့်ရတဲ့ တာတေကြီးရုပ်ရှင်ကို အခုလို ရူးခါနေအောင် အားပေးကြတာ တွေ့ရတော့ ရူးခါနေအောင်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ။ ပရိတ်သတ်ပေးတဲ့ အားတွေနဲ့ သည်ထက်မက အင်အားကြီး အနုပညာရသ ပြောင်မြောက်တဲ့ အနုပညာတွေကို ဆက်လက် ကြိုးစား ဖန်တီးသွားပါ့မယ်" လို့ ကျေးဇူးတင်စကား ဆိုထားပါတယ်။ သရုပ်ဆောင်နေတိုးဟာ ထာဝရအမေ ရုပ်ရှင်ဇာတ်ကား မှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး မကြာမီ ရုံတင်ပြသတော့မည် ဖြစ်ကြောင်းလည်း သိရပါတယ်။
 
Source: Nay Toe
The Ladies News
 

 

Vote: 
No votes yet

Add new comment