MIUI 9 ဖြင့် ထွက်ရှိလာမည့် Xiaomi Redmi 5

တရုတ် နာမည်ကြီး စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Redmi 5 ကို လာမည့် ဒီဖင်ဘာလတွင်မှ ဈေးကွက်အတွင်း စတင်ရောက်ရှိမည်ဟု ထုတ်လုပ်သူများက ဖော်ပြထားသော်လည်း သတင်းပေါက်ကြားမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုရက်မတိုင်မီ ဈေးကွက်အတွင်းသို့ ဆောလျင်စွာ ၀င်ရောက်လာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
 
အဆိုပါဖုန်းကို ဆင်းမ်ကဒ် အသေး ၂ မျိုး ထည့်သွင်းအသုံးပြုနိုင်ရန် Dual hybrid SIM Slot များ ထည့်သွင်းပေးထားပြီး MIUI 9 ဖြင့် အသုံးပြုနိုင် မည် ဖြစ်ကြောင်း သိရှိရသည်။
 
ပေါက်ကြာထားသည့် ဖိုင်အဆိုအရ အဆိုပါ ဆင်းမ်ကဒ် Slot ၂ ခုမှ မိမိကြိုက်နှစ်သက်ရာ တစ်ခုကို ဆင်းမ်ကဒ်များကို တစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်ပြီး ဆင်းမ်ကဒ် တစ်ခုတည်းသာ အသုံးပြုသူများ အတွက် မိမိ ထပ်တိုး၍ စိုက်လိုသော ပြင်ပဖုန်းမှတ်ဥာဏ် ကဒ် (External Memory) ကို အခြားတစ်ကဒ်တွင် အစားထိုး ထည့်သွင်း အသုံးပြုနိုင် မည်ဖြစ်သည်။ ယင်းအပြင် အဆိုပါဖုန်း၏ လုပ်ဆောင်ချက်အပိုင်း အရည်အသွေး နှင့်သက်ဆိုင်သည့် အရေးကြီးသည့် အစိတ်ပိုင်း တစ်ခုဖြစ်သည့် CPU ကို Snapdragon 625 Chipset သို့ Helio P20 Mediatek အမျိုးအစား တစ်ခုခုဖြင့် အသုံးပြုထားကြောင်းလည်း သိရှိရသည်။
 
အခြားပါဝင်သည့် အစိတ်အပိုင်းများအရ အဆိုပါဖုန်းကို FullView Display အရည်အသွေးဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး RAM 2GB Memory 16GB, RAM 3GB Memory 64 GB အစရှိသည့် အမျိုးအစားများဖြင့် ၀ယ်ယူရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
 
Ref: GSMArena
The Ladies News
 

 

Vote: 
No votes yet

Add new comment