India ဈေးကွက်မှာ Redmi 5A ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Xiaomi

တရုတ်နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သည့် Xiaomi သည် အိန္ဒိယဈေးကွက်တွင် Redmi 5A စမတ်ဖုန်းကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စမတ်ဖုန်းကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် တရားဝင် ရောင်းချပေးသွားမည် ဖြစ်ပြီး RAM 2GB, ဖုန်းအတွင်းပိုင်း မှတ်ဥာဏ် (Internal Memory) 16 GB ကို အိန္ဒိယ ရူပီးငွေ ၅၉၉၉ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။
 
အဆိုပါဖုန်းများထဲမှ ပထမဦးဆုံး ဖုန်း အလုံးရေ ၅ သန်းကို ရူပီးငွေ ၁၀၀၀ ကျပ်စီ လျှော့၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
 
ဒါ့အပြင် RAM 3GB နှင့် ဖုန်းတွင်းပိုင်းမှတ်ဥာဏ် (Internal Memory) 32GB ပါဝင်သည့် မှတ်ဥာဏ်မြင့်မားသည့် စမတ်ဖုန်းကို အိန္ဒိယ ရူပီးငွေ ၆၉၉၉ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ ဖုန်းအမျိုးအစား ၂ မျိုးကို မီးခိုးရောင် (သို့) ရွှေရောင်တစ်မျိုးမျိုးဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
Ref: GSMArea
The Ladies News
 

 

Vote: 
No votes yet

Add new comment