Leopalace 21 Myanmar Open 2018 ဂေါက်သီးရိုက်ပြိုင်ပွဲ လာမည့်ဇန်န၀ါရီတွင် ကျင်းပမည်

Leopalace 21 Myan-mar Open 2018 ဂေါက်သီးရိုက် ပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက် မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဂေါက် ကွင်း၌ ၂၀၁၈၊ ဇန်န၀ါရီလ ၂၅ ရက်မှ ၂၈ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်Asian Tour ၊ မြန်မာပီဂျီအေနှင့် Japan Golf Tour တို့ ပူးပေါင်း၍ Leopa-lace 21 ၏ အဓိကပံ့ပိုးကူညီမှုများဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 
Leopalace 21 ၏ အဓိက ပံ့ပိုးကူညီမှုဖြင့် မြန်မာအိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲကို သုံးနှစ်ဆက် ကျင်းပခြင်းဖြစ်ကာ မြန်မာအိုးပင်းပြိုင်ပွဲအမည်ဖြင့် ၁၅ ကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။
 
Leopalace 21 Myanmar Open 2018 ဂေါက်သီးရိုက်ပြိုင်ပွဲကို Asian Tour နှင့် Japan Golf Tour တွင် ဝင်ရောက် ယှဉ်ပြိုင်နေသည့် နာမည်ကြီး ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး စုစုပေါင်း ၁၄၄ ဦးဖြင့် ကျင်းပရန် စီစဉ်ထားကာ မြန်မာနိုင်ငံမှ ပရော်ဖက်ရှင်နယ် ကစားသမား ၁ဝ ဦးနှင့် အပျော်တမ်းကစားသမား လေးဦး ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
 
ဆုကြေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၇၅ဝဝဝဝ ချီးမြှင့်မည်ဖြစ်ပြီး ချန်ပီယံဆုရသည့် ကစားသမားမှာ အမေရိကန်ဒေါ်လာ ၁၃၅ဝဝဝ ရရှိမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဂေါက်သီး အားကစားဝါသနာရှင်များ အခမဲ့ လာရောက် အားပေးနိုင်ကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment