အောင်ဝင်းခိုင်အား ကားမောင်းပို့ပေးခဲ့သည့် ရဲထွဋ်လှိုင်အား တရားရုံးက စုံးစမ်းစစ်ဆေး အရေးအယူခြင်းများ ဆောင်ရွက်နိုင်ရန် တရားလိုရှေ့နေ များ လျှောက်ထားမည်

တရားခံပြေး အောင်ဝင်းခိုင်အား နေပြည်တော်သို့ ကားမောင်းပို့ပေးခဲ့ သည့် ရဲထွဋ်လှိုင်အား မမှန်သက်သေ ထွက်ဆိုမှုဖြင့် တရားရုံးက စုံစမ်းစစ်ဆေး အရေးယူခြင်းများ ဆောင်ရွက်နိုင်ရန် လာမည့် ၃၃ ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံးသို့ လျှောက်ထားမည်ဟု ဦးကိုနီ၏ အကျိုးဆောင်ရှေ့နေ ဦးနေလက ပြောကြားသည်။
 
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးနေသော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၃၂ ကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဦးနေလက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
 
`ရဲထဋ်လှိုင်ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကျန်ခဲ့တဲ့ အပတ်တုန်းက မမှန်သက် သေခံတယ်ဆိုပြီး အရေးယူဖို့ လျှောက်တယ်၊ လျှောက်တဲ့အခါကျတော့ တရားရုံးက ဒီနေ့ အမိန်ချဖို့ရှိတယ်။ ဒါပေမယ့် ရာဇ၀တ်ကျင့်ထုံး ဥပေအရ မမှန်သက်သေခံတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့ကိစ္စကို ဆောင်ရွက်ဖို့ လိုတယ်၊ စုံစမ်းစစ်ဆေးတဲ့ ကိစ္စဆိုတာက ရာဇ၀တ်အသေး အဖွဲ အမှုတစ်ခုဖွင့်ပြီးတဲ့ အခါကျလို့ရှိရင် စုံးစမ်းစစ်ဆေးတဲ့ ကိစ္စကို လာမယ့်ရုံချိန်းမှာ စတင်ပြီးတော့ လျှောက်ထားမယ်၊ လျှောက်ထားပြီးတဲ့ အခါကျလို့ရှိရင် လျှောက်ထားချက်အရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အားလုံးကို တရားရုံးကလုပ်မယ်၊ လုပ်ပြီးတဲ့ အခါကျလို့ရှိရင် လိုအပ်တဲ့ အမိန့်ချမှတ်မှုတွေ အားလုံးကို လုပ်လိမ့်မယ်`ဟု ၄င်းကပြောကြားသည်။
 
ရဲထွဋ်လှိုင်သည် ယခင်အင်းစိန်တရားရုံးတွင် ထွက်ဆိုခဲ့သည့် ထွက်ဆိုချက်များနှင့် အထူးခုံရုံတွင် ထွက်ဆိုခဲ့သည့် ထွက်ဆိုချက်များ ကွဲလွဲနေသည့် အတွက်ကြောင့် ၄င်းက ဥပဒေပုဒ်မ ၁၉၃ ဖြင့် အရေးယူပေးရန် ဥပဒေအရာရှိက လျှောက်ထားရခြင်း ဖြစ်သည်ဟု Taxi ယာဉ်မောင်း ကိုနေ၀င်း၏ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ၃၁ ကြိမ်မြောက်ရုံးချိန်းက ပြောကြားထားသည်။
 
၃၂ ကြိမ်မြောက်ရုံးချိန်းတွင် ရှာဖွေသက်သေများဖြစ်သည့် ဦးလှထွဋ်နှင့် ဦးတင်မောင်တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
 
အောင်ရဲနောင်
The Ladies News
 
 

 

Vote: 
No votes yet

Add new comment