ပြည်တွင်းထုတ် အချိုရည်အမျိုးအစား ၄၈ မျိုးတွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေသည့် တာရှည်ခံဆိုးဆေးများတွေ့ရှိ

ပြည်တွင်းထုတ် အချိုရည်အမျိုးအစား ၄၈ မျိုးတွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေသည့် တာရှည်ခံဆိုးဆေးများ ပါဝင်မှုကို စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနထံက သိရသည်။
 
ဈေးကွက်အတွင်းရှိ အချိုရည်များကို စစ်ဆေးရာမှ အဆိုပါ အချို့တံဆိပ် အမျိုးအစား ၄၈ မျိုးတွင် တာရှည်ခံ ဓာတုဆိုးဆေးများ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
`အဆိုပါ အချိုရည်များကို ကြာရှည်စွာ သောက်သုံးပါက ကလေးငယ်များ တွင် မှတ်ဥာဏ်ချို့တဲ့ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အားလုံးကို သေသေချာချာ စစ်ဆေးပြီးပါက အဆိုပါ အချိုရည်တံဆိပ်များကို ပြည်သူသို့ ချပြမည်´ ဟု တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာသို့ ပြောသည်။
 
အချိုရည် အသစ်ထုတ်လုပ် ရောင်းချမည့်သူများအနေဖြင့် ယခုနောက် ပိုင်းတွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသို့ အချိုရည် နမူနာ ယူဆောင်လာပြီး ဈေးကွက်အတွင်း ရောင်းချခွင့် ထောက် ခံချက် ရယူရမည်ဖြစ်ကြောင်းလည်း သိရသည်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အများပြည်သူ ဘေး အန္တရာယ် ဖြစ်စေနိုင်သည့် အစား အသောက်များကို စစ်ဆေးဆောင် ရွက်လျက်ရှိရာ တချို့ ပဲဆီများတွင်လည်း ဆိုးဆေးများ ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ယင်းအတွက် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် ယင်းသို့ စားသောက်ကုန် ပစ္စည်းများကို စစ်ဆေး ဆောင်ရွက်မှုများကြောင့် ဈေးကွက်အတွင်း ဆိုးဆေးနှင့် ဓာတုဆေးဝါးများ သုံးစွဲမှု တဖြည်းဖြည်း ကျဆင်းလာကြောင်းလည်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment