Richard Bland College မှတစ်ဆင့် William & Mary နှင့် Virginia University အပါအ၀င် အမေရိကန်နိုင်ငံ Virginia ရှိ တက္ကသိုလ်ကြီး ၄၀ သို့ တက်ရောက်ရန် AT&S သို့ ဆက်သွယ်လျှောက်ထားနိုင်ပြီ

Richard Bland ကောလိပ်မှ တစ်ဆင့် Virginia ရှိ အခြားတက္ကသိုလ် ကြီး ၄၀ ကျော်သို့ ကျောင်းပြောင်းရွှေ့ တက်ရောက် နိုင်သည့် သတင်း အချက်အလက်များကို AT&S Co., Ltd. တွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
 
Richard Bland College of William & Mary ကျောင်းသည် လှပ သော သဘာဝ ပတ်ဝန်းကျင်နှင့် သမိုင်းဝင် အမွေအနှစ်များ စုစည်းရာ နေရာတစ်ခုဖြစ်သော Central Virginia တွင် တည်ရှိပါသည်။ ယင်းကောလိပ်သည် နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိပြီး Public Ivy College ဖြစ်သော William and Mary နှင့် Virginia ရှိ တက္ကသိုလ်ကြီး များသို့ ပြောင်းရွှေ့ တက်ရောက်လိုသော ကျောင်းသားများအတွက် အဓိကထားပြီး အသေးစိတ် အခြေခံကျကျ သင်ကြားပေးလျက်ရှိသည့် ကောလိပ်တစ်ခု ဖြစ်ပါသည်။
 
Richard Bland College တွင် ၂ နှစ် တက်ရောက်ပြီး အမေရိကန် နိုင်ငံရှိ ဒုတိယသက်တမ်းအရင့်ဆုံး ကျောင်း ဖြစ်သော William & Mary တွင် ၂ နှစ် တက်ရောက်ကာ ဘွဲ့ဒီဂရီကို ရယူနိုင်ပါသည်။ William & Mary သည် public Ivy ကောလိပ် တစ်ခုဖြစ်ကာ National Universities Rank စာရင်းတွင်လည်း ၃၂ နေရာ၌ ရှိသည့်အပြင် Top Public College တွင် နံပါတ် ၅ နေရာ၌ လည်းကောင်း၊ Top Public Schools တွင် နံပါတ် ၆ နေရာ၌ လည်းကောင်း အကောင်းဆုံး တက္ကသိုလ်အဆင့်နေရာတွင် ရှိနေသည့် ကျောင်းဖြစ်ပါသည်။
 
Richard Bland College မှ တစ်ဆင့် Top Public Schools တွင် နံပါတ် ၂ နေရာတွင် ရှိသော University of Virginia၊ အင်ဂျင်နီယာ ဘာသာရပ်များအတွက် အကောင်းဆုံး ၁၆ နေရာတွင် ရှိသော Virginia Tech နှင့် Public သုတေသန တက္ကသိုလ် ကြီးတစ်ခုဖြစ်သော Virginia Commonwealth University များသို့ ၂ နှစ် ကျောင်း ပြောင်းရွှေ့ တက်ရောက်နိုင်သည့် Guaranteed Transfer Agreements ရှိထား သည့် ကျောင်းဖြစ်ပါသည်။
 
မြန်မာပြည်မှ ၁၀ တန်း အောင်မြင်ထားသူများ၊ IGCSE ပြီးထားသူများ၊ နိုင်ငံခြား သင်ရိုးသင်ကျောင်းများ မှ ၁၂ တန်း ပညာရေး ပြီးထားသူများသည် SAT မလိုဘဲ လျှောက်ထားနိုင်ပြီး အနီးဆုံး ကျောင်းဖွင့်ချိန်မှာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ဖြစ်ပါသည်။ ဘာသာရပ်များ အနေဖြင့် Engineering၊ Architecture၊ Business၊ Life Science၊ Computer Science၊ Health၊ Liberal Arts & Human Sciences စသည့် ဘာသာရပ်ပေါင်းများစွာကို တက်ရောက်နိုင်ပါသည်။
 
ကျောင်းအကြောင်း အသေးစိတ်၊ ကျောင်းဝင်ခွင့်ဆိုင်ရာ ပညာရေး အထောက်အထား လိုအပ်ချက်၊ အင်္ဂလိပ်စာ လိုအပ်ချက်၊ ကျောင်းစရိတ်၊ နေထိုင်စရိတ်နှင့် ဗီဇာကိစ္စများအတွက် Richard Bland College ၏ Official Representative ဖြစ်သော AT&S (Overseas Education Services) တွင် အခမဲ့ အသေးစိတ် လာရောက် ဆွေးနွေးနိုင် ပြီး rbc.edu/why-rbc/four-year-transfer-partners သို့လည်း ၀င်ရောက် လေ့လာနိုင်ပါသည်။ AT&S (Overseas Educations Services) ရုံးများ ဖြစ်သော အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ် နယ်မြေ၊ ဖုန်း (၀၁ ၅၂၁၁၂၅၊ ၀၉ ၇၉၉ ၅၉၅ ၉၄၉) နှင့် အမှတ် (၆၇)၊ မြေညီထပ်၊ ဘုန်းကြီးလမ်း (အလယ်ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ဖုန်း (၀၉ ၅၀၆ ၂၁၇၁၊ ၀၉ ၇၇၇ ၂၂၃ ၂၂၅) တို့သို့လည်း ဆက်သွယ်နိုင်ပါသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment