ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ် တဖြည်းဖြည်း အားလျော့သွားနိုင်၊ ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် နေရာကွက်၍ မိုးကြီးနိုင်ဟု ဆို

အောက်တိုဘာလ ၂၀ ရက် (ယနေ့) နံနက်ပိုင်း မိုးဇလ၏ တိုင်းထွာချက် များအရ အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားခဲ့ပြီး ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လေဖိအားနည်း ရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်ထူထပ်နေသည်။
 
ယနေ့ညနေထိခန့်မှန်းချက်အဖြစ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေ သကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
 
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တို့တွင် (၈)ပေမှ (၁၂)ပေခန့်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ် လျှောက် တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။
 
နောက် ၂ ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာ နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment