မလေးရှားနိုင်ငံရှိ မြန်မာသံရုံး ရှေ့တွင် ဒါဇင်ပေါင်းများစွာသော ဘင်္ဂလီနှင့် မလေးရှားမွတ်ဆလင်များ ဆန္ဒပြ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှေ့တွင် ယနေ့ (စက်တင်ဘာ ၈ ရက်)ဘင်္ဂလီ မွတ်ဆလင် ဒါဇင် ပေါင်းများ ဘင်္ဂလီအရေးကိစ္စနှင့် ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက် ဆန္ဒပြကြကြောင်း Channel News Asia သတင်းဖော်ပြချက်အရ သိရသည်။
 
ဆန္ဒပြသူများသည် ယနေ့ မွန်းလွဲ ဒေသစံတော်ချိန် ၃ နာရီခန့်တွင် မြန်မာသံရုံးရှေ့တွင် သောကြာနေ့ ဆုတောင်း ပဌနာပြုကြပြီး အဆိုပါ အစီအစဉ်အား မလေးရှားနိုင်ငံ၏ ရှပ်နီလှုပ်ရှားမှု ခေါင်းဆောင်နှင့် UMNO အဖွဲ့ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ဂျမဲလ် ယူနို့စ်က ဦးဆောင် ဆန္ဒပြကြောင်း သိရသည်။
 
ဆန္ဒပြသူများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဘင်္ဂလီများ၏ပုံများ ကိုင်ဆောင်ကာ အော်ဟစ်ဆန္ဒပြကြကြောင်း Channel News Asia သတင်းတွင် ဖော်ပြထားသည်။
 
Ref/Photo : Channel News Asia(Sumisha Naidu)
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment