ဆင်မအား ရေချိုးပေးနေသည့် ဆင်ဦးစီးကို ဆင်ထီး(စွယ်စုံဆင်)က အစွယ်ဖြင့်ထိုးသတ်

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ဆင်မအား ရေချိုးပေးနေသည့် ဆင်ဦးစီးအား စွယ်စုံဆင်မှ အစွယ်ဖြင့် ထိုးသတ်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည်ဖေ့စ်ဘွတ်ပေါ်တွင် သတင်းထုတ်ပြန် ချက်အရ သိရသည်။
 
ဖြစ်စဉ်မှ စက်တင်ဘာ ၆ ရက် ည ၉ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဆင်စွယ်ဖြင့် အထိုးခံရ၍ သေဆုံးသူတစ်ဦး ဆေးရုံတွင် ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
 
ထိုသို့ စစ်ဆေးရာတွင် စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က ကံတင်ဘီးလင်း သစ်တောကြိုးဝိုင်း၊ ကျောက်တံခါး ဆင်ဝိုင်းနေ မြင့်အေး (၄၇)နှစ်(ဆင်ဦးစီး)သည် “ထွန်းနန္ဒာ” အမည်ရှိ ဆင်မအား ရေချိုးပေးနေ စဉ် “ရှိန်းအောင်အောင်” အမည်ရှိ (စွယ်စုံဆင်ထီး) ရုတ်တရက် ရောက်ရှိလာပြီး မြင့်အေးအား အစွယ်ဖြင့် ပြေးထိုး သောကြောင့် ဒဏ်ရာများ ရရှိသေဆုံးသွားခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ကြောင်း ဆိုသည်။
 
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်းလှမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ်(၁၁/၂၀၁၇)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
 
စိုင်းဟန်
The Ladies News
 

 

Vote: 
No votes yet

Add new comment