မန္တလေး အောင်မြေသာစံမြို့နယ်တွင် အလုံပိတ်အခန်း/တဲများဖြင့် ဖွင့်လှစ်ထားသည့် အအေးဆိုင်အား ၀င်ရောက်စစ်ဆေး အရေးယူဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ အအေးဆိုင် တစ်ခုတွင် အလုံပိတ်အခန်း/တဲများ ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်နေသူ အား စိစစ်အရေးယူ ဆောင်ရွက်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အကွက် ၄၅ ၊ ၁၆x၁၇ လမ်းကြား၊ ၅၇ လမ်း၊ မြို့ပတ်လမ်း ရေနီမြောင်းအနီး အအေးဆိုင်တွင် အလုံပိတ်အခန်း/တဲများ ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်နေကြောင်း သတင်းအရ ၀င်ရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ထိုသို့ ၀င်ရောက်စစ်ဆေးရာတွင် အဆိုပါ အအေးဆိုင်ထဲတွင် အလုံပိတ်ခန်း ၆ ခန်း၊ အလုံပိတ်တဲ ၈ လုံး စစ်ဆေးတွေ့ရှိရကြောင်း ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အလုံပိတ်ခန်း/တဲများဖြင့် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် ဒေါ်အေးငြိမ်းဖြူ ၄၁ နှစ်အား စည်ပင်သာယာဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မန္တလေးတိုင်းရဲတပ်ဖွဲ့
စိုင်းဟန်
The Ladies News

Vote: 
No votes yet

Add new comment