ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များကို အစိုးရက အကောင်အထည်ဖော်မည့် အလားအလာ ရှိသည်ဟု ကိုဖီအာနန်ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီးရင်ခံစာပါ အကြံပြုချက်ကို အစိုးရက အကောင် အထည်ဖေါ်မည့် အလားအလာရှိ သည်ဟု ကော်မရှင်ဥက္ကဌက ကိုဖီအာနန်က သြဂုတ်လ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်းတွင်း၊ ပြည်ပ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
 
ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်မှုမှာ နိုင်ငံတော် အစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရ၏ အပိုင်းဖြစ်ပြီ အကယ်၍ အကောင် အထည်ဖေါ်မှု မရှိပါက မြေပြင်အခြေအနေသည် ပိုမို ယိုယွင်း ကျဆင်း သွားနိုင်ကြောင်း သို့သော် သူ့အနေနှင့်ကတော့ အကြံပြုချက်များကို အကောင်အထည် ဖေါ်နိုင်မည့် အခွင့်အလမ်းရှိသည်ဟု ထင်မြင် ယူဆကြောင်း ကိုဖီအာနန်က ပြောကြားသည်။
 
`အကြံပြုချက်တွေ အကောင်အထည် ဖေါ်နိုင်မယ့် အခွင့်အလမ်းကတော့ ရှိတယ်လို့ ကျွန်တော် ထင်မြင်ယူဆ မိပါတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ကလည်း အစိုးရ ၀န်ကြီးအဖွဲ့ တစ်ဖွဲ့လုံးနှီးပါးနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ အစီရင်ခံစာ အကြောင်းကိုပဲ တစ်ချက်ချင်းကို ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ အကောင်အထည် ဖေါ်ဖို့ကတော့ နိုင်ငံတော်အစိုးရရဲ့ တာဝန်၊ ရခိုင်ပြည်နယ် အစိုးရရဲ့ တာဝန်ဖြစ်မှာပါ။ အကောင်အထည် မဖေါ်ရင် ဘာလုပ်မလဲ ဆိုတာတော့ အကောင်အထည်မဖေါ်ဘူးဆိုတဲ့ အနေအထား မရောက်လောက်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကောင်အထည် မဖေါ်ဘူးဆိုရင် မြေပြင် အခြေအနေက ယိုယွင်းသွားဖို့ ရှိပါတယ်၊ ကျဆင်းသွားဖို့ ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်သည် အကြံပေးပဲ ဖြစ်ပါတယ်။ အရေးယူ ဆောင်ရွက်ရေးပိုင်း လုပ်ငန်း တာဝန် မပါပါဘူး။ ကျွန်တော်အနေနဲ့ နိုင်ငံတော်အစိုးရမှ အကြံပြုချက်များကို အကော်အထည်ဖေါ် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းပဲ အကြံပြုချက်တွေကို အကောင်အထည်ဖေါ်ဖို့ ၀န်ကြီးဌာန အများပါဝင်တဲ့ အစီအမံ စီမံပြီးတော့ အကောင်ထည် ဖေါ်သွားမယ်။ စောင့်ကြည့်လေ့လာ စစ်ဆေးသွားမယ် ဆိုပြီးတော့ ပြောကြားခဲ့တာ ရှိပါတယ်။ နိုင်ငံတ်ာအစိုးရအဖွဲ့ ၀န်ကြီးအဖွဲ့ အားလုံးနီးပါးကလည်း ဆွေးနွေးခဲ့တာရှိတဲ့ အတွက်ကြောင့် အကောင် အထည်ဖေါ်ဖို့ အလားအလာ ရှိတယ်လို့ ပြောကြားလိုပါတယ်` ဟု ကိုဖီအာနန်က ပြောကြားသည်။
 
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အပြီးသတ် အစီခံစာကို ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က သြဂုတ်လ ၂၃ ရက်တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ထံပေးအပ်ခဲ့သည်။
 
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် လူမှုစီးပွားရေး ဖွံ့ဖြိုးရေး ကဏ္ဍ၊ နိုင်ငံသားဖြစ်မှု ကဏ္ဍ၊ လွတ်လပ်စွာ သွားလာခွင့် ကဏ္ဍ၊ နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများအတွင်း
ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြုမှု ကဏ္ဍ၊ IDP ကိစ္စရပ်များ ကဏ္ဍ၊ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု ကဏ္ဍ၊ လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်း ရေး ကဏ္ဍ၊ လူ့အဖွဲ့အစည်းအားလုံး လုံခြုံရေး ကဏ္ဍ၊ ဘင်္ဂလာဒေ့ရ်ုနှင့် နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍ၊ ကော်မရှင်၏ အကြံပြုချက်များအား အကောင် အထည်ဖေါ်ခြင်း ကဏ္ဍ တို့ကို အကြံပြုထားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment