၂၉ ကြိမ်မြောက် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဘရူနိုင်း-မြန်မာ ယှဉ်ပြိုင်မှု မြန်မာအသင်း 6 – 0 ဖြင့် အနိုင်ရ

၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘရူနိုင်း ပွဲစဉ်တွင် မြန်မာအသင်းက 6-0 ဖြင့် အနိုင်ရရှိခဲ့သည်။
 
မြန်မာ- ဘရူနိုင်း ဘောလုံးပွဲတွင် မြန်မာပရိသတ် အတော်များများ လာရောက် အားပေးခဲ့ကြပြီး ပြီးခဲ့သည့် ပွဲစဉ်နှစ်ခုတွင် မြန်မာပရိသတ် အတွက် လက်မှတ်ကန့်သတ် ချက်များ ရှိခဲ့ပြီး ယနေ့ (သြဂုတ်လ ၁၈ ရက်) တွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် ဘရူနိုင်း အမျိုးသား ဘောလုံးပွဲစဉ်တွင် မလေးရှားဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေး (MYASOC) ထံ လက်မှတ်အရေ အတွက် တိုးမြှင့်ရောင်းချပေးရန် ညှိနှိုင်းတောင်းဆိုခဲ့ရာ စောင်ရေ ၂၃၀၀ ကို ၀ယ်ယူခွင့် ရရှိခဲ့ပြီး မလေးရှားရှိ မြန်မာပရိသတ်အား အခမဲ့ ပေးဝေခဲ့သည်။
 
မြန်မာအသင်းအနေဖြင့် ယခုအချိန်ထိ နှစ်ပွဲနိုင်ကာ သွင်းဂိုး ၁၁ ဂိုး၊ ပေးဂိုး ၁ ဂိုးဖြင့် ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည်။ မြန်မာ အသင်းသည် သြဂုတ်လ ၂၁ ရက်၊ ည ၇း၁၅ တွင် အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်မလေးရှားနှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
 
Photo - MFF
The Ladies News

 

Vote: 
No votes yet

Add new comment