၂၉ ကြိမ်မြောက် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘရူနိုင်း ပွဲစဉ် အတွက် လက်မှတ်စောင်ရေ ၂၃၀၀ ကို MFF က မြန်မာပရိသတ်သို့ အခမဲ့ပေး

၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘရူနိုင်း ပွဲစဉ်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က လက်မှတ်စောင် ရေ ၂၃၀၀ ကို ၀ယ်ယူကာ မလေးရှားနိုင်ငံရှိ မြန်မာပရိသတ်များသို့ အခမဲ့ ပေးဝေမည် ဖြစ်ကြောင်း သိရသည်။
 
ပြီးခဲ့သည့် ပွဲစဉ်နှစ်ခုတွင် မြန်မာပရိသတ်အတွက် လက်မှတ်ကန့်သတ် ချက်များ ရှိခဲ့ပြီး ယနေ့ (သြဂုတ်လ ၁၈ ရက်) တွင် ယှဉ်ပြိုင်ရမည့် မြန်မာနှင့် ဘရူနိုင်း အမျိုးသး ဘောလုံးပွဲစဉ်အတွက် မလေးရှားဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေး (MYASOC) ထံ လက်မှတ်အရေအတွက် တိုးမြှင့်ရောင်းချပေးရန် ညှိနှိုင်းတောင်းဆိုခဲ့ပြီး စောင်ရေ ၂၃၀၀ ကို ၀ယ်ယူခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
 
မြန်မာအသင်းအနေဖြင့် ယခုအချိန်ထိ နှစ်ပွဲနိုင်ကာ သွင်းဂိုး ၅ ဂိုး၊ ပေးဂိုး ၁ ဂိုးဖြင့် ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည်။ ယနေ့ (သြဂုတ်လ ၁၈ ရက်) တွင် မြန်မာနှင့် ဘရူနိုင်းအသင်းတို့သည် နေ့ ၂း၃၀ တွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ မြန်မာအသင်းသည် သြဂုတ်လ ၂၁ ရက်၊ ည ၇း၁၅ တွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်မလေးရှားနှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
 
Photo - MFF
The Ladies News
 

 

Vote: 
No votes yet

Add new comment