တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော်ထုတ်သော မေးခွန်းများ အား ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာတွင် ပိုမိုထည့် သွင်းသွားမည်

တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော်ထုတ်သော မေးခွန်းများ အား ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းလွှာ တွင် ပိုမိုထည့်သွင်း မည် ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာပုံစံသစ်ကို ၂ဝ၁၉ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် စတင်ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း အများပြည်သူသိရှိ နိုင်စေရန်အတွက် အနည်းဆုံးတစ်နှစ် ကြိုတင် အသိပေး မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။
 
၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာပုံစံ (Question Format) လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း၊ ဆိုလို သည်မှာ မေးခွန်း တည်ဆောက်မှု ပုံစံအနေဖြင့် ယခင်နှစ်များ အတိုင်းသာဖြစ်ကြောင်း၊ သို့ရာတွင် ဘာသာရပ် တစ်ခုချင်း အပေါ်မူတည်၍ အချို့သော ဓမ္မ ဓိဋ္ဌာန်မေးခွန်း၊ မေးခွန်းတို၊ မေးခွန်းရှည်များကို ကျောင်းသုံး စာအုပ်ထဲက ပြဋ္ဌာန်းထားသည့်အတိုင်း တစ်ထပ်တည်း မေးမည် မဟုတ်သဖြင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အချို့သော မေးခွန်းများ ကို ကိုယ်ပိုင် အတွေးအခေါ်ဖြင့် စဉ်းစားဖြေဆိုကြရမည် ဖြစ်ကြောင်း သိရသည်။
 
ယခင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းလွှာ၏ အချို့မေးခွန်းများတွင် ကျောင်းသား ကျောင်းသူတို့၏ စဉ်းစားတွေးခေါ်မှုထက် ရွေးချယ်ကျက် မှတ်မှုကို အားပေးသကဲ့သို့ ဖြစ်နေသည်။ သို့ဖြစ်၍ နှစ်စဉ်မေးနေကျ ပုံစံတူမေးခွန်း များအစား တွေးခေါ်မြော်မြင်နိုင်မှုကို အားပြုသောမေးခွန်း များကို ပိုမိုထည့်သွင်း ခြင်းဖြင့် မေးခွန်း၏အနှစ်သာရ မြင့်မားလာ မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူတို့၏ တတ်မြောက်မှုသည်လည်း ပိုမိုမြင့်မားလာမည် ဖြစ်သည်။၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမေး ခွန်းလွှာတွင် ယခင်နှစ်များက ကဲ့သို့ပင် Objective Type မေးခွန်းများ ပါဝင်မည်ဖြစ်သည့်နည်းတူ သင်ရိုး တစ်ခုလုံးကိုခြုံငုံ၍ စဉ်းစားတွေးခေါ် ဖြေဆိုရန် လိုအပ်သည့် မေးခွန်းများလည်း ပါဝင်မည်ဖြစ်သဖြင့် ကျောင်း သား ကျောင်းသူများသည်လည်း မိမိ၏ တတ်မြောက် ကျွမ်းကျင်မှု အဆင့်နှင့်အညီ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ထို့အတူ သင်ကြားသင်ယူမှုနှင့် စစ်ဆေးတိုင်းတာမှု လုပ်ငန်းများကို ချိတ်ဆက် အကောင်အထည်ဖော်ရာ၌ သင်ကြားသင်ယူမှု အပိုင်းတွင် ထိုးထွင်းကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ပြသ၁နာဖြေရှင်းနိုင်မှုနှင့် ဝေဖန် ပိုင်းခြားနိုင်မှု အရည်အသွေး များပြည့်ဝလာအောင် လုပ်ဆောင်ပေး ရမည်ဖြစ်သကဲ့သို့ စစ်ဆေးတိုင်းတာမှု အပိုင်းတွင် ဆက်စပ် အသုံးချနိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် ပြသ၁နာဖြေရှင်း နိုင်မှုတို့ကို ဦးတည် စစ်ဆေးပေးနိုင်အောင် ဆောင်ရွက်ရန် လိုအပ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းလွှာကို ကျောင်းသား ကျောင်းသူများ အလွတ်ကျက်မှတ် ဖြေဆိုမှုကို အားပြုသည့် အလေ့အထမှ ကိုယ်ပိုင် အတွေး အခေါ်ဖြင့် လေ့လာသင်ယူမှု ဖြစ်စဉ်အပေါ်တွင် အခြေခံ၍ ဖြေဆိုနိုင်မည့် အလေ့ အထသို့ပြောင်းလဲရန်အတွက် တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော် ထုတ်သော မေးခွန်းများကို ပိုမိုထည့်သွင်းရမည် ဖြစ်သည်။ စာမေးပွဲ ဆိုသည်မှာ သင်ကြားသင်ယူမှုနှင့် စစ်ဆေးတိုင်းတာမှုကို ချိတ်ဆက် ဆောင်ရွက်ရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။
 
(၂၁) ရာစုနှစ် ကျွမ်းကျင်မှုနှင့် အသိပညာများ ရရှိစေရန်၊ ဘာသာရပ် အလိုက်၊ သင်ခန်းစာ တစ်ခုချင်းအလိုက် သင်ရိုးအားလုံး ကျွမ်းကျင်စွာ လွှမ်းခြုံလေ့လာမှု ရှိစေရန်၊ ဘာသာရပ် သင်ရိုးတစ်ခုစီအတွက် လိုအပ်သည့် အသိပညာဗဟုသုတ (Knowledge)၊ ကျွမ်းကျင်မှု (Skill)၊ အတွေးအခေါ် အယူအဆ (Concept)နှင့် ကောင်းမွန်သော စိတ်နေ စိတ်ထား (Attitude) များ ရရှိစေရန်၊ ဖတ်စာအုပ်ကို အလွတ်ကျက်မှတ်၍ ဖြေဆိုမှု လျော့နည်းစေရန်၊ ကျောင်းသား ကျောင်းသူများ၏ စဉ်းစား တွေးခေါ်မှု (Critical Thinking) ဖွံ့ဖြိုးတိုးတက်လာစေရန် တို့ဖြစ်ကြောင်း သိရသည်။
 
ထို့ကြောင့် စာမေးပွဲပြုလုပ် ၍ စစ်ဆေးတိုင်းတာမှု လုပ်ငန်းသည် အထက် ပါ ရည်ရွယ်ချက်များ ပေါက်မြောက်ခြင်း ရှိ၊ မရှိ လေ့လာဆန်းစစ်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ တွေးခေါ်မြော်မြင်မှုနှင့် ဆိုင်သော မေးခွန်းများ ထည့်သွင်းစစ်ဆေး ခြင်းသည် လွန်စွာအရေးကြီး ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment