မန္တလေးတောင်အဆင်းလမ်း၌ သမီးရည်းစားစုံတွဲထံမှ လုယက်သူကို ဖမ်းဆီးရမိ

မန္တလေးတောင် အဆင်းလမ်း၌ ဧပြီလ ၆ ရက်နေ့ နေ့ ၁၂ နာရီကျော်ခန့်က သမီးရည်းစားစုံတွဲထံမှ ရွှေ၊ ငွေနှင့် ဖုန်းတို့အား လုယက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
မန္တလေးတောင်အဆင်းလမ်း ပတ္တမြားတောင်စေတီအနီး ထိုင်စကားပြောနေသော သမီးရည်းစားစုံတွဲထံမှ မောင်းချဓားကိုင်ပြီး ရွှေဆွဲကြိုး၊ ဖုန်း၊ ပိုက်ဆံအိတ်များ လုယူသွားကြောင်း တာဝန်သိပြည်သူများက ဖုန်းဖြင့်ဆက်သွယ် သတင်းပေး ချက်အရ အမှတ် ၂ နယ်မြေရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များက မန္တလေးတောင်ခြေအနီး ဝန်းကျင်လိုက်လံစုံစမ်း၍ မသင်္ကာသူ လူငယ်တစ်ဦးအား မမဦးနတ်နန်းအနီး၌ တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ သိန်းဇော်ဝင်း(၂၄ နှစ်)(ယာပုံ) ရွှေကျင်သံလမ်းအနီး ပုသိမ်ကြီးမြို့နယ် နေသူဖြစ်ပြီး ၎င်းပြစ်မှုကျူးလွန်ခဲ့သည့် ပစ္စည်းများအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။
 
အဆိုပါ ပြစ်မှုကျူးလွန်သူ သိန်းဇော်ဝင်းအား အရေးယူမှုများပြုလုပ်ရန် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
Ref: MOI
The Ladies News

 

Vote: 
No votes yet

Add new comment