ဘောလုံးကစားခြင်းမှ အနားယူရန် မရှိသေးဟု ရီးရဲ ကစားသမား ရော်နယ်ဒိုဖွင့်ဟ

လာမည့်နှစ်အနည်းငယ်အတွင်း ဘောလုံး ကစားခြင်း မှ အနားယူရန် အစီအစဉ်မရှိကြောင်း ရီးရဲမက်ဒရစ်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက ထုတ်ဖော် ပြောဆိုလိုက်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ပေါ်တူဂီ ကစားသမား ရော်နယ်ဒိုသည် ယခုနှစ် ဘောလုံးရာသီအစပိုင်းတွင် ရီးရဲ အသင်းအတွက် ခြေစွမ်းပြ ကစားပေးနေသူဖြစ်ကာ ရီးရဲ အသင်း အတွက် စုစုပေါင်းခြောက်ပွဲ ပါဝင်ကစားပြီးချိန်တွင် သုံးဂိုးသွင်း ယူပေးထားသူဖြစ်သည်။

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ပြုလုပ်ခဲ့သော ရော်နယ်ဒို ၏ ဟိုတယ်သစ်ဖွင့်ပွဲ အခမ်းအနားတွင် ရော်နယ်ဒိုက ''ဘဝက ဘောလုံးတစ်ခုတည်း မဟုတ်ပါဘူး။

ကျွန်တော့်အနေနဲ့ ဘောလုံးကစားရတာကို ချစ်မြတ်နိုးပေမယ့် အနာဂတ် အတွက် လည်း စဉ်းစားရမှာပါ။ နောက်ထပ် ၁ဝ နှစ်လောက် အထိတော့ ကျွန်တော် ဘောလုံးဆက်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့် အနာဂတ်အတွက် စဉ်းစားရမှာ ဖြစ်ပါတယ်''ဟု ပြောဆိုခဲ့သည်။

၂ဝဝ၂ ခုနှစ်၌ စပို့တင်းလစ္စဘွန်းအသင်းတွင် ပရော် ဖက်ရှင်နယ် ကစား သမားဘဝ စတင်ခဲ့သူ ရော်နယ်ဒိုသည် မန်ယူအသင်းနှင့်အတူ ပရီမီယာလိဂ် ဆုဖလားသုံးကြိမ်၊ ကာလင်းဖလားနှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေ ဖလား၊ ကွန်မြူနတီဒိုင်းနှင့် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဆု ဖလားတို့ကို တစ်ကြိမ်စီ ရယူနိုင်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်း တွင်လည်း ချန်ပီယံလိဂ် ဆုဖလားနှင့် စပိန်ဘုရင့်ဖလား ချန်ပီယံဆုဖလား နှစ်ကြိမ်စီ၊ စပိန်လာလီ ဂါဖလား၊ ယူအီး အက်ဖ်အေစူပါဖလား၊ ဖီဖာက္ဘာ့ကလပ်ချန်ပီယံများ ဖလား တို့ကို တစ်ကြိမ်စီရရှိထားသူ ဖြစ်သည်။

ထို့အပြင် ရော်နယ်ဒိုသည် ပြီးခဲ့သည့် ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင်လည်း ပေါ်တူဂီ အသင်းနှင့်အတူ ချန်ပီယံဆု ရရှိခဲ့ သည်။

MOI

The Ladies News

Vote: 
No votes yet

Add new comment