အင်္ဂလန်လက်ရွေးစင် အသင်းမှာ နေရာရရှိရေး ကြိုးပမ်းနေရဟု တိုက်စစ်မှူး ရူနီဖွင့်ဟ

မန်ယူ နှင့် အင်္ဂလန်အသင်း ခေါင်းဆောင်ဖြစ်သော တိုက်စစ်မှူး ၀ိန်းရူနီက ၄င်း
အနေဖြင့် လက်ရွေးစင်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်နေရာ ရရှိရေးအတွက်
ရုန်းကန်မှုများ လုပ်ဆောင်နေရကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော် ၀န်ခံလိုက်သည်။

၎င်းအနေဖြင့် ပုံမှန်နေရာရရှိရေးအတွက် လက်ရွေးစင်အသင်းတွင် ဟယ်ရီကိန်း ၊
ဗာဒီတို့ နှင့် ယှဉ်ပြိုင်မူများ လုပ်ဆောင်နေရကြောင်း သိရသည်။ ၄င်းမှာသောကြာနေ့
တွင် စပိန်နှင့်ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲတွင် အင်္ဂလန် လက်ရွေးစင်အသင်း
လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုသွားခြင်းလည်း
ဖြစ်သည်။ အသက် ၃၀ အရွယ်ရှိ တိုက်စစ်မှူးမှာ အင်္ဂလန် အသင်း၏ ဂိုးအများဆုံး
သွင်းသူ ဘော်ဘီချာတန် ၏ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ခဲ့သော်လည်း ၄င်းနေရာတွင်
ဟယ်ရီကိန်းဖြင့် အစားထိုးမှုများ တွေ့ကြုံနေရသည်။

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန် ကလည်း အသင်းတိုက်စစ်အတွက် စမ်းသပ်မှုများ
လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တိုက်စစ်တွင် အပြောင်းလဲများလည်း ဖြစ်ပေါ်လာနိုင်
ကြောင်း အခိုင်မာပြောဆိုထားသည်။

တိုက်စစ်မှူးရူနီက “  ကျွန်တော်ဟာ အသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲနေတယ်။
ကျွန်တော် နေရာပုံမှန်ရဖို့အတွက် တိုက်ပွဲဝင်ရမယ်။ ကျွန်တော် လုပ်ဆောင်ချင်တဲ့
အရာကို လုပ်ဆောင်နိုင်အောင် ကြိုးပမ်းမယ်။ အင်္ဂလန်အသင်းကို
နည်းပြရွိုင်းဟော့ဆန် တာဝန်ယူပြီးတည်းက ကျွန်တော်ဟာ လက်ရွေးစင်အသင်း
အတွက် ဂိုးတွေအများကြီး သွင်းနိုင်သလို ခြေစွမ်းပြနိုင်ခဲ့တယ် ။ ဆက်လက်ပြီးတော့
ခြေစွမ်းပြနိုင်မယ်လို့ ထင်တယ်။ ကျွန်တော်ဟာ လက်ရွေးစင်အသင်းအတွက်
ပွဲတွေအများကြီး ကစားခဲ့တယ်။ လက်ရှိမှာ တိုက်စစ်မှူး ဗာဒီ ဆိုရင်လည်း ခြေစွမ်း
ကောင်းမွန်မှုတွေ ရှိနေတယ်။ လက်ရှိမှာ အင်္ဂလန်အသင်း တိုက်စစ်ဟာ
အကောင်းဆုံး တိုက်စစ်စုဖွဲ့မှု ဖြစ်နေတယ် ”  ဟု ပြောဆိုသည်။

 သတင်း - ဇော်မင်းဦး
The Ladies News Journal
 

Vote: 
No votes yet

Add new comment