Events

စင်ကာပူနိုင်ငံတွင်တက္ကသိုလ်တက်ရောက်လိုသူများအတွက် ပညာရေးဆွေးနွေးပွဲု

ပညာရေးဆွေးနွေးပွဲအချိန် နှင့်နေရာ

၂၂-၈-၂၀၁၅ ( စနေနေ့ ) နေလည် ၂နာရီမှ ၄နာရီ အထိ ပင်းယ ခန်းမ ( ၃-လွှာ ) ဆူးလေ ရှန်ဂရီလာ ဟိုတယ် ရန်ကုန်။

၂၃-၈-၂၀၁၅ ( တနင်္ဂနွေနေ့ ) နံနက် ၁၀နာရီ၃၀မှ နေ့လည်  ၃နာရီ အထိ အမှတ် ၈၂ ၊ ၇၂လမ်း (၃၁ x ၃၂)လမ်းကြား ချမ်းအေးသာဇံမြို့နယ်

 

 

``ပထမဆုံးအကြိမ်ဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)တွင် ကျောင်းသူကျောင်းသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းအစီအစဉ်ပြုလုပ်သွားမည်´´

  ပထမဆုံးအကြိမ်ဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)တွင် ကျောင်းသူ ကျောင်းသား များ အတွက် အလုပ်အကိုင်အခွင့်အလမ်းအစီအစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ အခွင့်အလမ်းဂျာနယ် ထုတ်ဝေသူနှင့်တာဝန်ခံအယ်ဒီတာ ဦးသန်းစိုးက The Ladies သတင်းဂျာနယ်သို့ပြောသည်။

          အဆိုပါအစီအစဉ်အား အစီအစဉ်အား ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)ရှိ တက္ကသိုလ်ပင်မဆောင်တွင် ဇူလိုင်လ ၂၁ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄နာင်္ရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

          အဆိုပါ ကျောင်းမှ လုပ်ငန်းခွင့်ဆီသို့ အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ်အား အော်ရီဒူးကဲ့သို့ ဆက်သွယ်ရေးကုမဏီကြီးများ၊ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများ စသဖြင့် ပုပလိက ကုမဏီပေါင်း ၃၀ခန့်မှ အလုပ် အကိုင်အခွင့်အလမ်းများစွာဖြင့် စီးပွားရေးတက္ကသိုလ် ကျောင်းသူကျောင်း သားများ ဖြေဆိုနိုင်ရန် စီစဉ်ထား ကြောင်း ပြောပြချက်အရ သိရသည်။

စီးပွားရေးတက္ကသိုလ်တွင် ပြုလုပ်မည့် အစီစဉ်သည် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး အစီအစဉ်အား စီးပွားရေးတက္ကသိုလ်နှင့် အခွင့်အလမ်းဂျာနယ်မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။ယခု ပွဲကဲ့သို့ အစီအစဉ် အား အခြားတက္ကသိုလ်များတွင် ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း တက္ကသိုလ်များမှ ခွင်ပြုမှသာလုပ်ခွင့်ရမည်ဖြစ်သဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများရှိကြောင်း ယင်းကဆက်လက်ပြောသည်။

သြစတြေးလျနိုင်ငံတွင် ကျန်းမာရေးနှင့် ဆေးသိပ္ပံဘာသာရပ်များကို တက်ရောက်ရယူလို သူများ Uni SA ၏ ပထမနှစ်သို့ တိုက်ရိုက်လျှောက်ထားနိုင်

          Uni SA တက္ကသိုလ်ကြီးသည် Laboratory  Medicine ဘာသာရပ်တက်ရောက်သူများအတွက် ကျွမ်းကျင် ပြည့်စုံသည့် လက်တွေ့လုပ်ငန်းခွင်ဝင်ရောက်ခွင့် (1)နှစ် ရရှိနိုင်သည့် သြစတြေးလျ၏ တစ်ခုတည်းသော တက္ကသိုလ်ကြီးဖြစ်ခြင်း ၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းသည် သြစတြေးလျ၏ အကြီးဆုံး ကျောင်း များတွင် ပါဝင်ပြီး  တက်ရောက်မည့်ကျောင်းသားများမှာ တကယ့် ဆေးရုံဝန်းကျင် အတိုင်း တည်ဆောက်ထား သည့် လက်တွေ့ လေ့ကျင့်ရေး ဌာန(၇)ခု အပြင်၊ပြင်ပ ဆေးရုံဆေးပေးခန်း များတွင်ပါ ချိတ်ဆက်လေ့ကျင့်ခန်းယူနိုင်ခြင်း  စသည်တို့ကြောင့် ဆေးသိပ္ပံဘာသာရပ်များ ထင်ရှား ကျော်ကြားလှခြင်း ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက AT&S Co.,Ltd  အဆောင်(၅) ၊ အခန်း(၄) မြန်မာအင်ဖိုတက်(ခ်) ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊ ဖုန်းနံပါတ် ၀၁-၅၂၁၁၂၅ ၊ ၀၁-၆၅၂၂၈၈၊ ၀၁-၆၅၂၃၂၀၊၀၉-၅၀၆၂၁၇၁ ၊     ၀၉၈-၇၉၉၅၉၅၉၄၉၊  ၀၉-၇၉၅၉၅၃၇၈၇ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။