ခွပ်ဒေါင်းဧကရီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ခရီး - ရဲမြလွင်

တန်ဖိုး - ၈,၀၀၀ ကျပ်

Peter Popham ရေးသားသည့် The Lady and The Peacock, The Life of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားသည်။

“ဖေဖေရယ်၊ ဖေဖေနဲ့ ကျွန်မတို့ သားအဖလက်တွဲပြီး အဲဒီလူယုတ်မာတွေကို ရင်ဆိုင်ကြတာပေါ့ နော်လို့ ယောင်ရမ်းပြီး တမ်းတနေတဲ့အခါမျိုးလည်း ရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ဖေဖေကို ကျွန်မဘေးမှာ တကယ်ရှိနေခဲ့တယ်လို့ ခံစားနေရတာကိုး။ အဲဒီလို ခံစားမိတိုင်း ကျွန်မရင်ထဲမှာ ပေါ့သွားသလို ထင်လာမိတယ်” ဟု ဆိုထားသော ဤစာအုပ်သည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က လူထုတစ်ရပ်လုံးကို စည်းရုံးပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ ဒုစရိုက်သမားများကို တိုက်ပွဲဝင်ခဲ့သည့် အဖြစ်အပျက်များကို မှတ်တမ်းတင် ရေးဖွဲ့ထားခြင်း ဖြစ်သည်။

စာအုပ်တွင် - အောင်ဆန်းစုကြည်၏ ပွဲဦးထွက်လှုပ်ရှားမှု၊ မိခင်ကြီးဒေါ်ခင်ကြည်၏ ဈာပန အခမ်းအနား၊ လွတ်လပ်ခြင်းနှင့် လူသတ်ပွဲကြီးများ၊ ကြေကွဲစရာကောင်းသော ကလေးဘ၀၊ နေအိမ်အကျယ်ချုပ်၏ အထီးကျန်ဘ၀၊ ငြိမ်းချမ်းရေးနိုဘယ်ဆု၊ ခွပ်ဒေါင်းပျို၏ တောင်ပံခတ်သံ စသည့် ကြောင်းခြင်းရာများကို ဖတ်ရှုရပါမည်။

The Ladies News

 

Vote: 
No votes yet

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.