တနင်္ဂနွေစာအုပ်စင် …………………….. နှလုံးသားတောင်ထိပ်က အရဟံစေတီ

နှလုံးသားတောင်ထိပ်က အရဟံစေတီ
………………………………………

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
ရွှေပါရမီဓမ္မစာပေ
တန်ဖိုး - ၁,၅၀၀ ကျပ်

အာရုံခံဘုရားနှင့် အာရုံမှန်ဘုရား၊ နှလုံးသားမြေပြန့်လား နှလုံးသားတောင်ထိပ်လား၊ ကင်းလေ ကောင်းလေ ဓာတ်ဆိုးတွေ၊ ဆိတ်ကွယ်ရာမှာရော စိတ်ကွယ်ရာမှာပါ မကောင်းမှုရှောင်မယ်၊ စိတ်ဖြစ်တိုင်း မျိုးစေ့ကောင်း ကြဲမိပါစေ အစရှိတဲ့ ခေါင်းစဉ်လေးတွေနဲ့ ဖတ်ရမယ့် စာအုပ် တစ်အုပ်ဖြစ်ပါတယ်။

“အရဟံဂုဏ်တော်ကို အဓိပ္ပာယ်သိသိနဲ့ သဘောတရားမိမိ ပွားများရင် စိတ်အပူအညစ်တွေ ကင်းစင်ပြီး စိတ်တည်ငြိမ်အေးချမ်း ကြည်လင်သန့်စင်လာနိုင်ပါတယ်။ မကောင်းမှု ရှောင်ကြဉ်စိတ် အထူးအားကောင်းလာနိုင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ချီးကျူးဂုဏ်ပြုထိုက်တဲ့၊ ကူညီအားပေးထိုက်တဲ့၊ ချီးမြှင့်စောင့်ရှောက်ထိုက်တဲ့ အရည်အချင်းကောင်းတွေ၊ အစွမ်းသတ္တိကောင်းတွေ ပြည့်စုံလာနိုင် ပါတယ်” လို့ ဆရာတော်က ညွှန်းဆိုထားတာမို့ ဖတ်ကြည့်စေချင်ပါတယ်။

The Ladies News

 

Vote: 
No votes yet

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.