ပြည်သူပြည်သား တရားစီရင်ခန်း // ရဲခေါင်မဲမောင် //

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ ၂၃-၈-၂၀၁၇ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံသို့ အပ်နှံလိုက်ပါတယ်။ ဒီကော်မရှင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက် နဲ့ ၅-၉-၂၀၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ပြည်တွင်း ပညာရှင် ၆ ဦးနဲ့ နိုင်ငံတကာက ပညာရှင် ၃ ဦး ပါဝင်တာ ဖြစ်ပါတယ်။
 
ကော်မရှင်ဟာ သူ့ရဲ့ရည်ရွယ်ချက်တွေဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ လူ့အဖွဲ့အစည်း အားလုံးရဲ့ လက်ရှိအခြေအနေတွေကို ဆန်းစစ်လေ့ လာတာ၊ အကြမ်းဖက်တာတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတာတွေနဲ့ ဖွံ့ဖြိုးမှု နိမ့်ကျရတာ အစရှိတဲ့ အကြောင်းတွေကို တစ်နှစ်နီးပါး အချိန်ယူ လေ့လာ သုံးသပ် ဆင်ခြင်ပြီး သူ့ရဲ့အစီရင်ခံစာကို ပေးအပ်လိုက်တာပဲ ဖြစ်ပါ တယ်။ ဒီအစီရင်ခံစာမှာ လူမှုစီးပွား ဖွံ့ဖြိုးရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ် စွာ သွားလာခွင့်၊ နိုင်ငံရေး ဘဏ္ဍာနဲ့ လူ့အဖွဲ့အစည်းတွေမှာ ကိုယ်တိုင် ပါဝင်ပြီးတော့ အပြင် ကိုယ်စားပြုမှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု၊ လူ့အဖွဲ့ အစည်းတွေအကြား ပေါင်းစည်းရေး၊ IDP ကိစ္စရပ်တွေ၊ လူ့အဖွဲ့အစည်း အားလုံးရဲ့ လုံခြုံရေး၊ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အခြေ အနေတွေကို အကြံပေးဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ မစ္စတာကိုဖီအာနန်က -
 
`ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်မှုနဲ့ လွတ်လပ်စွာ သွားလာခွင့် ကိစ္စရပ် များနဲ့ ပတ်သက်တဲ့ အကြံပြုချက်များဟာ ရခိုင်ပြည်သူလူထုက စိုးရိန်နေ မှုများရှိတယ်ဆိုတာ ကျွန်တော်တို့ ကောင်းစွာ သိရှိထားပါတယ်။ သို့သော် လည်းပဲ ကော်မရှင်အနေနဲ့ အဲဒီလို ထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်များကို ကိုင်တွယ်ဖို့ ရွေးချယ်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ချန်ရစ် ထားခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အနာဂတ်၊ တကယ်တော့ မြန်မာ တစ်နိုင်ငံလုံးရဲ့ အနာဂတ် နောက်ပြန်လှည့်လို့မရတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်လို့ ဖြစ်ပါတယ်။ ဒီအကြောင်းရင်းကြောင့် ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် အတွင်းက လူ့အဖွဲ့အစည်းများအကြား တင်းမာမှု လျှော့ချနိုင်ဖို့ လူ့အဖွဲ့အစည်း များအကြား အပြန်အလှန် ဆွေးနွေးဖို့နဲ့ ပြန်လည် သင့်မြတ်မှုကို တိုးမြှင့်နိုင်မယ့် အကြံပြုချက်များစွာ ပြုလုပ်ပေးထားပါတယ်´
 
လို့ ၂၄-၈-၂၀၁၇ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မတီရဲ့ အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်ရှင်းလင်းပွဲ အခမ်း အနားမှာ ပြောသွားပါတယ်။ ဒီအစီရင်ခံစာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က `အစီရင်ခံစာပါ အချက် အလက် အချို့ဟာ လွဲမှားပြီး လိုအပ်ချက်တွေ ရှိနေတယ်။ ကော်မရှင် အနေနဲ့ အစိုးရရဲ့ သဘောထား၊ တပ်မတော်ရဲ့ သဘောထား၊ ဒေသခံ ပြည်သူတွေရဲ့ သဘောထားတွေကို ခြုံငုံစဉ်းစားဖို့ လိုအပ်တဲ့ အကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ လက်ခံဖို့ အရေးကြီးကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ လက်မခံပါက ဖြေရှင်းဆောင်ရွက်ဖို့ ခက်ခဲမှာဖြစ် တယ်ဆိုတာနဲ့ ဘက်လိုက်ပြီး ထည့်သွင်း ရေးသားဖို့ မဟုတ်ဘဲ မျှတဖို့အတွက် အကြံပေးတာသာ ဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။
 
ဒီအစီရင်ခံစာ ထုတ်ပြန်ပြီးတာနဲ့ တစ်ပြိုင်တည်း ဆိုသလိုမှာပဲ ရခိုင်ပြည် နယ်၊ မောင်တောခရိုင်အတွင်းမှာ ရှိတဲ့ ရဲစခန်းပေါင်း ၃၀ ကို ဘင်္ဂလီ အကြမ်းဖက်သမားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပါတယ်။ ၂၅-၈-၂၀၁၇ ရက်နေ့ မနက် ၁ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ ဒီ အကြမ်း ဖက် တိုက်ခိုက်မှုတွေ အတွင်းမှာ တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ဒုလ၀ကမှူးတစ်ဦး ကျဆုံးခဲ့ပြီး ဘင်္ဂလီ အကြမ်းဖက်သမား နှစ်ဦး အသေမိ၊ ၇၇ ဦးကို ဖမ်းမိတဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
 
ဇူလိုင်လအတွင်းပိုင်းက ရခိုင်ပြည်နယ်၊ မေယုတောင်ကြောပေါ်ကို ခရုကောက်သွားတဲ့သူ တစ်ဦး ကျေးရွာကို ပြန်ရောက်မလာခဲ့ပဲ ပျောက်ဆုံး သွားခဲ့ပါတယ်။ အဲဒီ ပျောက်ဆုံးသွားတဲ့ ရွာသားကို လိုက်လံရှာဖွေရင်းနဲ့ မေယုတောင်တန်းအပေါ်မှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ လိုဏ်ခေါင်းတွေ၊ ဆောက်လုပ်ဆဲ တဲတွေနဲ့ နိုင်ငံတကာ အထောက်အပံ့ ပစ္စည်းအချို့ကို တွေ့ရှိခဲ့ကြပါတယ်။ သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်း မှာတော့ မောင်တော မြို့နယ်၊ ကိုင်းကြီး(မြို)ရွာ အနောက်ဘက်မှာ သေနတ်သံတွေ ကြားကြရတဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာမှာ ကိုင်းကြီးကျေးရွာသား ၆ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ၂ ဦးကတော့ ရှာလို့မတွေ့ရသေးပါဘူး။ တရားခံ သွားရောက်ဖမ်းဆီးတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဘင်္ဂလီ ရွာသားတွေ ၀ိုင်းဝန်းတိုက်ခိုက်ကြပြီးတဲ့နောက် လုံခြုံရေးအရ စိုးရိမ် လာကြတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေဟာ လုံခြုံစိတ်ချရတဲ့ ကျေးရွာ တွေဆီကို ရွာလုံးကျွတ် ရွှေ့ပြောင်းနေကြရပါတယ်။
 
ဒီဘင်္ဂလီ အကြမ်းဖက်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကျီးကန်းပြင်ဌာနချုပ် အပါအ၀င် ရဲကင်းအချို့ကို အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါသေးတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်းမှာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရလို့ လက်နက် ၆၅ လက် ဆုံးရှုံးသွားခဲ့ ရပါသေးတယ်။
 
ဒါတွေဟာ အခုလောလောဆယ် မောင်တောခရိုင်အတွင်းမှာ ဖြစ်ပွားနေ တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ကြောင်း ရာဇ၀င်တွေပဲ ဖြစ်ပါတယ်။ ဒီသြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြု လုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးအသီးသီးနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက သံတမန်တွေကို အစိုးရက ရှင်းလင်းပွဲလုပ်ရာမှာ -
 
`ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုးနဲ့ စုစည်းတည် ထောင်ထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။ နိုင်ငံတော် အကြီးအကဲ အဆက်ဆက်၊ တပ်မတော် အကြီးအကဲ အဆက်ဆက် ကလည်း ကျွန်တော်တို့ နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး၊ ဘင်္ဂလီလူမျိုး မရှိဘူးဆိုတဲ့ ကျွန်တော်တို့ တိုင်းရင်းသားထဲမှာ မပါဘူးဆိုတာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ထပ်မံပြီးတော့ ကျွန်တော့်အနေနဲ့ မရှိဘူးဆိုတာ ထပ်ပြော လိုပါတယ်။ အခုဖြစ်တဲ့ ဖြစ်စဉ်ဟာ ဘင်္ဂလီလူမျိုးများဟာ ဘူးသီးတောင်၊ မောင်တော နယ်မြေကို သူတို့ရဲ့ ရိုဟင်ဂျာနယ်မြေအဖြစ် သိမ်းလိုက်ဖို့ ရည်ရွယ်ပြီးတော့မှ ဆောင်ရွက်တယ်ဆိုတာ အကြမ်းဖျဉ်း ဖော်ထုတ်လို့ ရပါတယ်´ လို့
 
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသွားတာကို တွေ့ရပါတယ်။
 
အခြေအနေအားလုံးကို သေသေချာချာ ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် အခုဖြစ်ပွားနေတဲ့ ဘင်္ဂလီအကြမ်းဖက် သမားတွေရဲ့ ပြသ၁နာဟာ သာမန် ရိုးရိုးဘာသာရေး၊ လူမျိုးရေး ပြသ၁နာမဟုတ်တာကို တွေ့ရပါ လိမ့်မယ်။ ဘာသာရေး ပြသ၁နာဆိုရင် ဘာသာရေးအရ ၊ လူမျိုးရေး ပြသ၁နာဆိုရင်လည်း လူမျိုးရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာလို့ ရနိုင်ပါသေးတယ်။ အခုဖြစ်ပွားနေတဲ့ အကြမ်းဖက် ဘင်္ဂလီတွေရဲ့ ဦးတည်ရည်ရွယ်ချက်က နယ်မြေပြသ၁နာ၊ နိုင်ငံပြသ၁နာ ဖြစ်နေပါ တယ်။ နယ်မြေပြသ၁နာ၊ နိုင်ငံ ပြသ၁နာနောက်မှာ မလွဲမသွေ ပါလာတတ်တာက Genocide ဆိုတဲ့ လူမျိုးတုံး သတ်ဖြတ်မှုမျိုးတွေပဲ ဖြစ်နေတတ်ပါတယ်။ အခု ရခိုင်ပြည်နယ်၊ မောင်တော ဒေသမှာ ကြည့်ရင်လည်း ဒီလက္ခဏာတွေကို အထင်အရှားတွေ့နေရပါတယ်။ ရခိုင်တိုင်းရင်းသား၊ မြိုတိုင်းရင်းသား ယောက်ျား၊ မိန်းမ၊ ကေလးမကျန် ရက်ရက်စက်စက် ဓားတွေနဲ့ ခုတ်သတ်နေကြတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေက မြင်လို့မကောင်း၊ ကြားလို့မတော် မဟုတ်လား။
 
ဒါကြောင့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ် ကမ္ဘာ့ အကြမ်းဖက်မှု အညွှန်းကိန်း (Global Terrorism Index- GTI) က အကြမ်း ဖက်မှု အန္တရာယ်အမြင့်ဆုံးနိုင်ငံ ၅၀ စာရင်းမှာ အဆင့် ၄၅ လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု (Terroris) ရဲ့ အဓိပ္ပာယ်က နိုင်ငံရေးအတွက်၊ ဒါမှမဟုတ် ဘာသာရေးအတွက်၊ ဒါမှမဟုတ် ၀ါဒအယူ အဆ တစ်ခုရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တစ်ခုကို အောင်အောင်မြင်မြင် ရယူနိုင်ဖို့အတွက် ကြောက်ရွံ့ ထိတ်လန့်အောင် လက်လွတ်စပယ် အနိုင်အထက်ပြုကျင့်တာ၊ အကြမ်းဖက်တာကို ပြောတာပဲ ဖြစ်ပါတယ်။ အေးချမ်းသာယာနေတဲ့ လူ့အဖွဲ့အစည်းတွေကို အဲဒီ ငြိမ်းချမ်းသာယာနေ တဲ့ အခြေအနေ အတွင်းမှာ တိုက်ခိုက်မှုမရှိတဲ့သူတွေကို တစ်ဖက်သတ် တိုက်ခိုက်ရန်ပြုတာကို ပြောတာပဲ ဖြစ်ပါတယ်။
 
အခု ရခိုင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသား၊ မြိုတိုင်းရင်းသား၊ မြန်မာ တိုင်းရင်းသား၊ ဟိန္ဒူတိုင်းရင်းသားတွေဟာ ရိုးသားတည်ငြိမ် အေးချမ်းစွာနဲ့ လယ်ယာစိုက်ပျိုးပြီး ဖားရှာငါးရှာတဲ့ အလုပ်တွေကို အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီလူတွေနဲ့ ဒီလူတွေရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူထားကြတဲ့ ရဲစခန်း ၃၀ ကို တစ်ပြိုင်နက် ၀င်ရောက်တိုက်ခိုက်တယ်ဆိုတာ သာမန် ဘာသာရေး၊ လူမျိုးရေး မဟုတ်တော့တာ ထင်ရှားပါတယ်။
 
ရဲစခန်း ၃၀ ကို တစ်ပြိုင်နက် ၀င်ရောက် တိုက်ခိုက်ဖို့အတွက် စစ်ပညာ တွေ လိုပါတယ်။ စီမံခန့်ခွဲတာတွေ လိုပါတယ်။ ရိက္ခာတွေ လိုပါတယ်။ လက်နက်တွေ လိုပါတယ်။ လူအင်အားတွေ လိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံတကာ အကူအညီတွေ မပါဘဲ၊ မရှိဘဲ မနေဘူးဆိုတာကို သိသာလာပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော် အစိုးရက Arakan Rohingya Salvation Army (ARSA) ကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ထုတ်ပြန်ကြေညာ လိုက်တာပဲ ဖြစ်ပါတယ်။
 
တကယ်တော့ ဒီရခိုင်ပြည်နယ်နဲ့ ဘင်္ဂလီကိစ္စဟာ အခုမှသာ အကြီး အကျယ် ဖြစ်လာတာပါ။ ဖွဲမီးအနေနဲ့ တငွေ့ငွေ့ဖြစ်လာတာ ကြာပါပြီ။ သမိုင်းမှတ်တမ်းတွေအရဆိုရင် အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲမဖြစ်ခင် ကတည်းက ဆိုပါတော့။ ဘကြီးတော်မင်း လက်ထက်မှာ ပန်ဝါတိုက်ပွဲ ဆိုတာ ဖြစ်တယ်။ ဓည၀တီ စစ်တွေက မင်းညီမင်းသားနှစ်ပါးက မြန်မာဘုရင်ကို တော်လှန်ပုန်ကန် ကြပါတယ်။ မြ၀တီမင်းကြီးတပ်နဲ့ စစ်သူကြီး မဟာဗန္ဓုလတပ်တွေက သွားပြီး နှိမ်နင်းတဲ့အခါ အိန္ဒိယ တိုက်ကို သိမ်းပိုက်ပြီး ကိုလိုနီလုပ်ထားတဲ့ အင်္ဂလိပ်နယ်ချဲ့က ဘင်္ဂလား တပ်သားတွေ၊ အိန္ဒိယတပ်သားတွေ ခေါ်လာပြီး ဓည၀တီ မင်းသားနှစ်ပါး ကို အကူအညီပေးတယ်။ နောက်ပိုင်း အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲဖြစ်ပြီး ရခိုင်နဲ့ တနင်္သာရီကို အင်္ဂလိပ်တွေ လက်ထဲ ပေးလိုက်ရတယ်။ အရှေ့ ပါကစ္စတန်လို့ခေါ်တဲ့ ဘင်္ဂလားပြည်နယ်ထဲက ဘင်္ဂလီတွေ ရခိုင်ပြည်နယ် ထဲ ခိုးဝင်တာ အဲဒီကတည်းကပါပဲ။ အဲဒီနောက်ပိုင်း လွတ်လပ်ရေးရပြီး တဲ့အခါ ကိုယ်အနိုင်ရ၊ အာဏာရဖို့အတွက် ရခိုင်ပြည်နယ်ကို အသုံးချတာ၊ နယ်မြေ လုံခြုံရေးအတွက် အဓိကတာဝန်ရှိတဲ့ ၀န်ထမ်းတွေ လာဘ်စား တာ၊ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲရလိုချင်တာကြောင့် ဘင်္ဂလီတွေ ကို White Card ငါးသိန်းကျော်ထုတ်ပေးတာ၊ ဘင်္ဂလီအမတ်တွေကို လွှတ်တော်ထဲအထိ ခေါ်သွင်းခဲ့ကြတာတွေဟာ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ ထွင်းကြရအောင် လုပ်ခဲ့တာနဲ့ အတူတူပါပဲ။ အခုတော့ ဒီခိုးဝင် ဘင်္ဂလီတွေရဲ့ကိစ္စဟာ နိုင်ငံတော်ကတောင် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာလိုက်ရတဲ့ အဆင့်အထိ ရောက်ခဲ့ရပါပြီ။
 
အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာလိုက်တဲ့ နောက်ပိုင်းမှာတော့ တစ်ပြည်လုံး တော်လှန်ရေးသတိ ရှိဖို့လိုအပ်လာပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံးကိုလည်း အကြမ်းဖက် သမားတွေရဲ့ အန္တရာယ်က အပြည့်အ၀ ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိသွားပြီ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ တောမီးလောင်ရင် တောကြောင် လက်ခမောင်းခတ်တာတွေ၊ ပွဲလန့်ရင် ဖျာခင်း လုပ်တတ်တဲ့ နိုင်ငံရေးသမားတွေရဲ့ ခြေလှမ်းတွေကို သတိမပြတ် ထားပြီး စောင့်ကြည့် ကြရပါမယ်။
 
ပြီးတော့လည်း အကြမ်းဖက်သမားတွေရဲ့ ရာဇ၀တ်ကျူးလွန်တာတွေ၊ နယ်မြေသစ် တည်ထောင်ချင်တဲ့ ရည်ရွယ်ချက်တွေကိုလည်း အခုအချိန် ဟာ ပြတ်ပြတ်သားသား ဆောင်ရွက်သွားရတော့မယ် ဖြစ်ပါတယ်။ နိုင်ငံတကာက စောင့်ကြည့်နေမှာတွေ၊ လူ့အခွင့်အရေး ပေတံတွေနဲ့ တိုင်းတာကြမှာတွေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆုံးအဖြတ်တွေကို ငဲ့နေ၊ အလျှော့ပေးနေတာတွေ၊ တွေးတော နောက်တွန့်နေတာတွေ လုပ်ဖို့ မလိုပါဘူး။ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတိုင်း ကိုယ့်ရဲ့အချုပ်အခြာ အာဏာကို ကာကွယ်ဖို့၊ ကိုယ်ပိုင်တဲ့ ရေ၊ လေ၊ မြေကြီးကို ကာကွယ်ဖို့၊ ကိုယ့်ပြည်သူလူထုကို စောင့်ရှောက်ဖို့ တာဝန်ရှိကြတာချည်းပါပဲ။ ဒူတာတေးဟာ သူ့နိုင်ငံအတွင်းမှာ အကြီးအကျယ် ဒုက္ခပေးနေတဲ့ မူးယစ်ဆေးဝါးပြသ၁နာအတွက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ ရာထောင်ချီကို အသေပစ်သတ် နေပါတယ်။ ဘယ်သူ ဘာပြောပြော ဂရုမစိုက်ပါဘူး။ ဒီလိုပဲ ကင်ဂျုံအွန်ကလည်း သူ့နိုင်ငံက ချမှတ်ထားတဲ့ မူဝါဒ အတွက် ဘယ်သူတွေ ဘယ်လိုပဲ ခြိမ်းခြောက်၊ ခြိမ်းခြောက် ဒုံးပျံတွေ အဆက်မပြတ် ပစ်လွှတ်နေတုန်းပဲ မဟုတ်လား။
 
ဒါကြောင့် အကြမ်းဖက်သမားတေါကို ရှင်းလင်း ချေမှုန်းရမယ့် တာဝန်ရှိ အဖွဲ့အစည်းတွေ အနေနဲ့ ဘာကိုမှ နောက်ဆံတင်းမနေကြဘဲ ပြတ်ပြတ် သားသား တိတိကျကျ ရှင်းလင်းဖို့ လိုပါတယ်။ ကျူးလွန်သူ၊ အားပေးသူ၊ ကူညီသူ၊ ထောက်ပံ့သူ အားလုံးကို တစ်ပြိုင်နက် ရှင်းလင်းပစ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ဆောင်ရွက်မှုတွေကိုလည်း တစ်ပြည်လုံး အတိုင်း အတာနဲ့ အားပေးထောက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီလိုရှင်းလင်းပြီးပြီ ဆိုတာ နဲ့ နယ်စပ်စည်းရိုးကို လုံလုံခြုံခြုံ ကာရံကြရမှာ ဖြစ်ပါတယ်။ ဒီခြံစည်းရိုးကာရံဖို့အတွက် ကုန်ကျမယ့်စရိတ်အတွက်လည်း ပူပင်စရာ ရှိလှမယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီခြံစည်းရိုးကိစ္စနဲ့ ပတ် သက်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ မင်းကင်းမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မြင့်က -
 
`ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ အကြား ယခင်အစိုးရ လက်ထက် ကတည်းက ဆောင်ရွက်နေတဲ့ နှစ်နိုင်ငံ ခြံစည်းရိုးကို ပြီးပြတ် အောင် ကာရံဖို့ လိုအပ်ပြီး နယ်စပ်ခြံစည်းရိုး တစ်လျှောက်မှာ လုံခြုံရေး တင်းကျပ်စွာ ချထားခြင်းအားဖြင့် ဘင်္ဂလီများ ခိုးဝင်ခြင်းကို ကာကွယ်နိုင် မှာ ဖြစ်ကြောင်းနဲ့ အဲဒီခြံစည်းရိုးကို အရိုးနဲ့ထိုးရမယ် ဆိုတဲ့အထိ တင်စား မပြောချင်ပါဘူး။ သို့သော်လည်း ကျွန်တော်တင်ပြချင်တာက အစိုးရမှာ ဘတ်ဂျက်မရှိရင် ခွင့်သာပြုလိုက်ပါ နိုင်ငံချစ်တဲ့သူတွေက တစ်နှစ်အတွင်း ပြီးအောင်ရှာနိုင်တယ် ဆိုတာ ကျွန်တော်တင်ပြလိုပါတယ်´
 
လို့ လွှတ်တော်မှာ ပြောကြားသွားခဲ့လို့ ဖြစ်ပါတယ်။ ခြံစည်းရိုးကို လုံလုံခြုံခြုံ ကာရံပြီးပြီ ဆိုရင်တော့ လိုအပ်တဲ့နေရာတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေကို အလုံအလောက် ချထားပေးရပါမယ်။ ခြံစည်းရိုးကို ကျောလို့ဖြစ်စေ၊ ချိုးဖျက်လို့ဖြစ်စေ၊ ကျူးကျော်ဝင်ရောက်လာတယ်လို့ သံသယရှိသူမှန်သမျှကိုလည်း ဘာမှ စစ်ဆေးမေးမြန်းတာတွေ လုပ်နေစရာ မလိုပါဘူး။ တွေ့တဲ့နေရာ ပစ်သတ်လိုက်ရုံပါပဲ။ တောင်မြောက် ကိုရီးယားနယ်စပ်၊ အိန္ဒိယနယ်စပ်တွေမှာ ဒီအတိုင်းပဲ လုပ်ကြတာပဲ။
 
အဲဒီနောက်တော့ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေ ကို စိစစ်ရမယ် ထင်ပါတယ်။ အစစ်ဆေးမခံချင်သူတွေနဲ့ နိုင်ငံသားဖြစ် ခွင့်နဲ့ အကျုံးမ၀င်သူတွေကို ဒုက္ခသည် သတ်မှတ်မလား၊ camp တွေမှာ ထားပြီး အပြင်ထွက်ခွင့် မပေးဖို့ လိုပါမယ်။ ထိုင်းမှာ မြန်မာဒုက္ခသည် စခန်းတွေ အများကြီးရှိပါတယ်။ ဘယ်သူမှ အပြင်ထွက်လို့ မရပါဘူး။ ပြီးတော့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာပါတဲ့ မှန်ကန် သင့်လျှော်တဲ့ အချက်တွေကို လက်တွေ့နဲ့ အမြန်ဆုံး အကောင်အထည် ဖော်နိုင်မယ် ဆိုရင် နိုင်ငံက ခံစားနေရတဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသား တွေ ခံစားနေကြရတဲ့ လုံခြုံမှုကင်းမဲ့ပြီး အသက်အန္တရာယ် ကြုံနေရတဲ့ ဒုက္ခ၊ နယ်မြေစွန့်လွှတ် ဆုံးရှုံးရမယ့် ကိစ္စတွေက အတိုင်းအတာ တစ်ခု အထိ ကင်းဝေငြိမ်းချမ်းမယ်လို့ ထင်မိပါတယ် ဆိုတာကိုပြောရင်း အောက်က ကဗျာကလေးနဲ့ အဆုံးသတ်လိုက်ပါတယ်။
 
*** ပြည်သူပြည်သား တရားစီရင်ခန်း
.
* လူသတ်သမားအတွက်
လူ့အခွင့်အရေး မရှိဘူး
လူသတ်သမား အခွင့်အရေးပဲ ရှိတယ်
သေဒဏ်ါဒမှမဟုတ် ထောင်ဒဏ်။
 
* မုဒိမ်းသမားအတွက်
လူ့အခွင့်အရေးမရှိဘူး
မုဒိမ်းသမား အခွင့်အရေးပဲ ရှိတယ်
သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်။
 
* သူခိုးတွေ လူလိမ်တွေအတွက်
လူ့အခွင့်အရေး မရှိဘူး
သူခိုး လူလိမ် အခွင့်အရေးပဲရှိတယ်
သေဒဏ်ဒါမှမဟုတ် ထောင်ဒဏ်။
 
* အကြမ်းဖက်သမားတွေအတွက်
လူ့အခွင့်အရေးမရှိဘူး
အကြမ်းဖက်သမား အခွင့်အရေးပဲရှိတယ်
မြေကိုလု
ပစ္စည်းကိုလု
အသက်ကိုလုတဲ့အတွက်
`လု´အခွင့်အရေးပဲရှိတယ်
အို … အကြမ်းဖက်သမား
သင့်အား စီရင်ချက်ချမည် နာခံလော့ ။
 
* ဤမြေသည် ငါတို့မြေဖြစ်သည်
ရခိုင်လူမျိုးသည် ငါတို့လူမျိုးဖြစ်သည်
သင်သည် ငါတို့မြေနှင့် ငါတို့လူမျိုးကို
ကုလသမဂ္ဂအားကိုးဖြင့်လည်းကောင်း
သတင်းဌာနအချို့၏ အားကိုးဖြင့်လည်းကောင်း
OIC အားကိုးဖြင့်လည်းကောင်း
NGOs များ၏ အားကိုးဖြင့်လည်းကောင်း
ကျူးကျော်စော်ကား
အကြမ်းဖက် သတ်ဖြတ်ပျက်စီးခြင်း လုပ်ငန်းများ
လုပ်ဆောင်နေ၊ လုပ်ဆောင်သွားသည်မှာ ထင်ရှား၏
ထို့ကြောင့် သင့်အား
အောက်ပါပြစ်ဒဏ်များကို ချမှတ်လိုက်သည်။
 
* မြေတစ်လက်မ
မကျူးရ
ကျူးက အမှုန့်ကြိတ်ပစ်ရန်။
 
* အကြမ်းဖက်သမား
လူရမ်းကားကို
အားပေးအားမြှောက်
ပြုရာရောက်သည့်
အကောင့်ပိုင်ရှင်
သတင်းဌာနအမည်ဝင်များကို
သတိထား၍ စောင့်ကြည့်စေ ။
 
ကိုးကား - နေ့စဉ်ထုတ်သတင်းစာများနှင့် FB စာမျက်နှာများ
ရဲခေါင်မဲမောင်
The Ladies News

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.